Sunday, October 12, 2014

ဘယ်လ်ဂျီယံ၏အသက်အငယ်ဆုံးဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆို


ဘယ်လ်ဂျီယံနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် လေးလကျော် အကြာတွင် ဗဟိုလက်ဝဲ ယိမ်းအစိုးရအဖွဲ့ကို ဖွဲ့စည်း လိုက်နိုင်ပြီဖြစ်သည်။အစိုးရအဖွဲ့ကို လစ်ဘရယ်တစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ချားလ်မိုက် ကယ်ကဦးဆောင်ခြင်းဖြစ်ပြီး ၎င်းသည် ၁၈၄၁ ခုနှစ်နောက်ပိုင်း ဘယ်လ်ဂျီယံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာကြောင်း သိရသည်။

ဘယ်လ်ဂျီယံသည် ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပိုင်းတွင် နိုင်ငံရေးအရ မတိုးသာမဆုတ်သာအခြေ အနေများ ကာလရှည်ကြာစွာ ဖြစ်ပေါ်လေ့ရှိသည်။

လွန်ခဲ့သည့် အစိုးရအဖွဲ့လက်ထက်ကလည်း အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရန် ၅၄၁ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

ဘယ်လ်ဂျီယံသည် ဘာသာစကားသုံးစွဲမှုနှင့်ပတ်သက်၍လည်း သဘောထား ပြင်းပြင်းထန်ထန်ကွဲလွဲ လျက်ရှိသည်။ 

ယခုနောက်ဆုံးရွေးကောက်ပွဲတွင် ဒတ်ခ်ျဘာသာစကားပြော ပါတီများက အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့က လေးပါတီပါညွှန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့ကြ ပြီး ပြင်သစ်စကားပြောဆိုသည့် ချားလ်မိုက်ကယ်ကို ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။ 

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List