Wednesday, October 15, 2014

အီဘိုလာရောဂါ ထိန်းချုပ်ရေးဆောင်ရွက်မှု မလုံလောက်ဟု အမေရိကန်သမ္မတပြော



အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက နိုင်ငံပေါင်း ၂၀ ရဲ့ ကာကွယ်ရေး အကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ဆုံပြီး ကမ္ဘာကြီးက အီဘိုလာ ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတာ မလုံလောက်ဘူးလို့ ပြောပါတယ်။ အနောက်အာဖရိကဒေသမှာ လူ ၄၅၀၀ နီးပါးကို ဇီဝိန်ချွေခဲ့တဲ့ အီဘိုလာရောဂါကို အရင်းအမြစ်ကနေ ထိန်းချုပ်ရမယ်လို့ ပြောပါတယ်။
အရင်းအမြစ်ကနေ မထိန်းချုပ်နိုင်ရင် နိုင်ငံတိုင်းက လူတွေကို ခြိမ်းခြောက်နေမှာ ဖြစ်ပြီး လူသားတိုင်းအတွက် အန္တရာယ် ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

အိုဘားမားဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်ဖို့အတွက် တခြား နိုင်ငံတွေက ကာကွယ်ရေးဌာန အကြီးအကဲတွေနဲ့ တွေ့ဆုံရင်းနဲ့ အီဘိုလာရောဂါ ပြဿ နာကိုလည်း ထည့်သွင်း ဆွေးနွေးတာပါ။

ဒါပေမယ့် အမေရိကန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က လုံခြုံမှု ရှိတာကြောင့် အီဘိုလာကပ်ဘေးနဲ့ ကြုံရဖို့ အလားအလာ အလွန်နည်းတယ်လို့လည်း သူက ဖြည့်စွက် ပြောကြားပါတယ်။

လောလောဆယ်မှာတော့ တက္ကဆတ်ပြည်နယ် ဒါလက်စ်မြို့ဆေးရုံမှာ သေဆုံးသွားတဲ့ အီဘိုလာရောဂါသည် သောမက်စ်ဒန်းကန်နဲ့ ဆက်ဆံခဲ့တဲ့ လူ ၇၆ ယောက်ကို စောင့်ကြည့်နေတယ်လို့ အမေရိကန်ကျန်းမာရေးအရာရှိတွေက အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List