Tuesday, October 14, 2014

မဖြူနှင်းထွေးအားရုံးထုတ်စဉ် ဗကသအဖွဲ့ဝင်များက ယင်းမာပင်မြို့တွင်းနှင့် ၀မ်ပေါင်ကုမ္ပဏီရှေ့တွင်ဆန္ဒပြ


တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲရာတွင်ပါဝင်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဗကသ ကျောင်းသူ မဖြူနှင်းထွေး၏ စတုတ္ထအကြိမ်မြောက် ရုံးထုတ်စဉ် ဗကသအဖွဲ့ဝင်ကျောင်းသားထုက ယင်းမာပင်မြို့တွင်းနှင့် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဆန္ဒပြတောင်း ဆိုခဲ့ကြကြောင်း သိရသည်။


မဖြူနှင်းထွေး၏ စတုတ္ထမြောက်ရုံးချိန်းကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ရှိ ယင်းမာပင်ခရိုင်တရားရုံး တွင် အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က တရားလိုပြသက်သေနှစ်ဦးကိုစစ်ဆေးခဲ့ပြီး အမှုအား ဆက်လက်စစ်ဆေးနိုင် ရန်အတွက် အောက်တိုဘာ ၁၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

မဖြူနှင်းထွေး တရားခွင်မှပြန်လည်ထွက်ခွာလာချိန်တွင် ဗကသကျောင်းသားထုက ပြန်လည်လွတ်မြောက် ရေး ၀ိုင်းဝန်းတောင်းဆိုခဲ့ကြပြီး ယင်းမာပင်မြို့တွင်းသို့ ဆက်လက်လှည့်လည်ကာ ကြွေးကြော်တောင်းဆိုခဲ့ ကြကြောင်း၊ ထို့နောက် ပုသိမ်-မုံရွာလမ်းဆုံရှိ ၀မ်ပေါင်ကုမ္ပဏီရုံးရှေ့သို့သွားရောက်ကာ ဦးပိုင်ဝမ်ပေါင် အလိုမရှိ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေး၊ မဖြူနှင်းထွေး အမြန်ဆုံးလွှတ် ပေးရေးနှင့် ကျောင်းသားထုအခွင့်အရေး အပြည့်အ၀ရရှိရေး စသည့်တောင်းဆိုမှုများကို ကြွေးကြော်တောင်း ဆိုခဲ့ကြသည်။

"၀မ်ပေါင်ရုံးအထိချီတက်ဆန္ဒပြရတာက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးဖျက်သိမ်းပေး ဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ပြည်သူတွေကို ၀န်းရံပေးတဲ့ကျောင်း သားတွေကိုပါ ထပ်ဆင့်ဒုက္ခပေးတာဟာ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်လာ လို့ဖြစ်ပါတယ်။ အစိုးရရဲ့အကျိုးစီးပွားကိုထိခိုက်လာရင် ဘယ်လိုလူမျိုးကိုမှ ချမ်းသာမပေးဘူး။ ဗကသအနေနဲ့ အပြစ်မဲ့ကျောင်းသားကျောင်းသူတွေဖမ်းဆီး ခံထားရတာ လွတ်မြောက်ရေးနဲ့ အပြစ်မဲ့ဒေ သခံပြည်သူတွေ လွတ်မြောက်ဖို့ အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ"ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ­္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။

မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေ သကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ (၁) ရပ်ကွက်နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး ပြစ်မှုသေး ၁/၂၀၁၄၊ ပုဒ်မ ၃၆၄/၃၆၈အရ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခဲ့ရာ ပထမရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် တရားလိုလာ ရောက်ခြင်းမရှိဘဲ ဒုတိယရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်သို့ချိန်းဆိုကာ တရားလိုပြသက်သေသုံးဦးကို စစ်ဆေးခဲ့ပြီး တတိယရုံးချိန်းကို စက်တင်ဘာ ၃၀ ရက်တွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေး ခဲ့ကြောင်း သိရသည်။

ယခုစတုတ္ထမြောက်ရုံးချိန်းတွင် ဗကသအဖွဲ့ဝင်ကျောင်းသားထုနှင့် လူမှုအရပ် ဘက်အဖွဲ့အစည်းများ၊ ပါတီ ၀င်များမှပူးပေါင်းပါဝင်ကာ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List