Friday, October 17, 2014

သြစီက ဂျပန်ရဲ့ ရေငုတ်သင်္ဘော ဝယ်ယူလို


သြစတြေးလျနိုင်ငံ ​ကာကွယ်ရေးဝန်ကြီးနဲ့ ​ဂျပန်နိုင်ငံ ​ကာကွယ်ရေးဝန်ကြီးတို့ ​တိုကျိုမြို့မှာ ​တွေ့ဆုံကြပြီး နောက် ​နှစ်နိုင်ငံ ​ကာကွယ်ရေးနဲ့ ​လုံခြုံရေးတိုးမြှင့် လုပ်ဆောင်ဖို့ ​သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ​သြစတြေးလျ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​က ​ဂျပန်နိုင်ငံက ​ရေငုတ်သင်္ဘောတွေကို ​ဝယ် ​ယူ ​လိုကြောင်း ​ပြောသွားခဲ့တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Matthew ​Carney ​က ​ပြောပါတယ်။

ဂျပန် ​ကာကွယ်ရေးဝန်ကြီး ​Akinori ​Eto ​နဲ့ ​ပထမဆုံး ​တွေ့ဆုံမှုအတွင်း ​သြစတြေးလျ ​ကာကွယ်ရေးဝန်ကြီး ​Johnston ​က ​ဂျပန်နိုင်ငံဆီက ​ရေငုတ်သင်္ဘော ​ဝယ်ယူလိုကြောင်း ​တရားဝင် ​ပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​အသုံးပြုနေတဲ့ ​Collins ​ရေငုတ်သင်္ဘောတွေကို ​ပိုပြီးခေတ်မှီတဲ့ ​ဂျပန်နိုင်ငံထုတ် ​Soryu ​ရေငုတ်သင်္ဘောနဲ့ ​အစားထိုးဖို့ ​စဉ်းစားနေတာ ​ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးကတော့ ​ဒီရောင်းဝယ်မှုက ​နှစ်နိုင်ငံစလုံးကို ​ဘယ်လို ​အကျိုးပြုမလဲ ​ဆိုတာကို ​ကြိုတင်လေ့လာ ပြီးမှ ​ဆောင်ရွက်လိုကြောင်း ​တုန့်ပြန်ထားပါတယ်။

သြစတြေးလျအစိုးရကတော့ ​ဒီကိစ္စကို ​နောက်တစ်နှစ်ကြာတဲ့အထိ ​စဉ်းစားနေပြီး ​ဂျာမနီနိုင်ငံ၊ ​ပြင်သစ်နဲ့ ​ဆွီဒင်နိုင်ငံက ​ရေငုတ်သင်္ဘော ​ဝယ်ယူဖို့ကိုလည်း ​စဉ်းစားနေတဲ့အကြောင်း ​Matthew ​Carney ​က ​တိုကျို မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List