Wednesday, October 15, 2014

အမျိုးသားပြတိုက်ရှိ ပစ္စည်းများကို ဘာသာလေးမျိုး အသံလမ်းညွှန်စက်ဖြင့် ရှင်းလင်းပြောပြနိုင်တော့မည်


ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသထားသည့် ပစ္စည်းအမျိုးအစား ၃၀ ကို ဘာသာစကား လေးမျိုးဖြင့် လမ်းညွှန်ရှင်းလင်းပေးနိုင်မည့်စက်ကို ဂျပန်မီယာရှိတ လီမိတက်က လှူဒါန်းမည်ဟု ထုတ်ပြန်သည်။ ဂျပန်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာစကား လေးမျိုးဖြင့် ပြတိုက်ရှိ ပစ္စည်းများကို ရှင်းလင်းပေးမည်ဖြစ်သည်။ ထို လမ်းညွှန်စက်ကို အောက်တိုဘာ ၃၀ တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

စက်ကို ထားရှိခြင်းဖြင့် ပြတိုက်ရှိပစ္စည်းများ ရာဇဝင်ကို နိုင်ငံခြားသားများ လွယ်လင့်တကူ သိရှိနိုင်မည်ဟု ဂျပန်စကားပြန် တစ်ဦးဖြစ်သူ မဧရာက ပြောသည်။

“နိုင်ငံခြားသားတွေအတွက် ပိုအဆင်ပြေမှာပါ။ အဓိကကတော့ ဂိုက်မငှားတဲ့ နိုင်ငံခြားသားခရီးသွားဧည့် သည်တွေအတွက် ပိုပြီး အဆင်ပြေစေမှာပါ” ဟု ပြောသည်။

စက်ကို အသုံးပြုမည်ဆိုပါက မြန်မာနိုင်ငံသားတစ်ဦးလျှင် မြန်မာငွေ ၂,၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊  နိုင်ငံခြားသား တစ်ဦးလျှင် ငါးဒေါ်လာ ဖြင့်လည်းကောင်း ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုသည် နိုင်ငံခြားသားများအတွက် သင့်တင့်သော နှုန်းထားဖြစ်သည်ဟု လည်း မဧရာက ဆိုသည်။

လမ်းညွှန်စက်ကို မိယရှိတ လီမိတက်မှ ၄၅ လုံးကို အားသွင်းစက်များ နှင့်တကွ လှူဒါန်းမည်ဖြစ်သည် အမျိုးသားပြတိုက်တွင် ပြသထားသည့် ပစ္စည်းများ၏ ရာဇဝင်ကို မိယရှီတလီမိတက်မှ ဘာသာပြန်ဆို အသံသွင်းထားခြင်းဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List