Wednesday, October 15, 2014

ထားဝယ်အထူးဇုန်ကိစ္စ ဆွေးနွေးရန် ဂျပန်တွင် မြန်မာအစိုးရအရာရှိများ ရောက်နေ


ထားဝယ်အထူးစီးပွား ရေးဇုန် အမြန်ဆုံး အကောင်အထည်ဖော်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် သဘောတူညီပြီး ငါးရက်အကြာတွင် ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဂျပန် နိုင်ငံနှင့်ဆွေးနွေးရန် မြန်မာ အစိုးရတာဝန်ရှိသူများ ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိ သည်။

မြန်မာအစိုးရ တာဝန်ရှိသူများကို ဂျပန်နိုင်ငံအစိုးရ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည်ဟု ကနဦး စီမံကိန်းနှင့် ဆက်လက်အကောင်အထည် ဖော်မည့် ပင်မစီမံကိန်းများနှင့်ပတ်သက်၍ ဂျပန်အစိုးရ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပြီး ကာရှီးမားစက်မှုနယ်မြေသို့လည်း အလည်အပတ်သွား ရောက်ကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံကို ပင်မရင်းနှီး မြှုပ်နှံသူအဖြစ် ပါဝင်ရန် ထိုင်း- မြန်မာနှစ်နိုင်ငံအစိုးရက ဆန္ဒရှိ နေကြပြီး မြန်မာ-ဂျပန်၊ မြန်မာ- ဂျပန်-ထိုင်း သီးသန့်ဆွေးနွေးမှုများကို ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ခုနစ်ကြိမ် မြောက်တွေ့ဆုံဆွေးနွေး ခြင်း ဖြစ်သည်။

ဂျပန်အစိုးရက ကနဦးစီမံ ကိန်းနှင့်ပတ်သက်၍ လုပ်ကိုင်ရန် တင်ဒါတင်သွင်းခြင်း မရှိသော်လည်း အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးဖက်နိုင်ငံအဖြစ် တင်ဒါတင်သွင်းခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် မည့် ပင်မစီမံကိန်းကိုသာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည်ဟု အကြောင်း ပြန်ခဲ့ကြောင်း စီမံကိန်းနှင့် နီးစပ် သည့် အသိုင်းအ၀ိုင်းမှ သတင်းရ ရှိသည်။

‘‘ဂျပန်နိုင်ငံကလည်း စိတ်ဝင်စားတယ်။ သူတို့တွေက ဘယ်လိုဝင်ရမလဲ လေ့လာနေပါတယ်’’ဟု ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က ပြောသည်။ ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံသူအဖြစ် မပါဝင်သေး သော်လည်း အာဆီယံနှင့် အရှေ့အာရှစီးပွား ရေးသုတေသန၏ ရန်ပုံငွေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အီတာ လျံ-ထိုင်းကုမ္ပဏီ လုပ်ကိုင်စဉ်က ကုန်ကျစရိတ်စိစစ်ခြင်း၊ စီမံကိန်း နယ်မြေအတွက် လျော်ကြေးပေး ရမည့် မြေယာများနှင့် ဘဏ္ဍာရေး ကုန်ကျစရိတ် စသည့် သုတေသန လုပ်ငန်း သုံးခုကို ဆောင်ရွက်နေ ကြောင်း သတင်းရရှိသည်။

ကနဦးစီမံကိန်း အကောင် အထည်ဖော်ရန် ရင်းနှီးတည် ဆောက်သူအဖြစ်မှ နုတ်ထွက်ခဲ့ သော အီတာလျံ-ထိုင်းကုမ္ပဏီ နှင့် ဂျပန်နိုင်ငံစီးပွားရေး၊ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကို တင်ဒါဖိတ်ခေါ်ခဲ့ရာ အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီများက တင်ဒါတင်သွင်းခဲ့ သဖြင့် ယင်းကုမ္ပဏီနှင့် ကနဦး စီမံကိန်းကို အကောင်အထည် ဖော်ရန် ဆွေးနွေးနေကြောင်း မြန် မာအစိုးရက သတင်းထုတ်ပြန်ခဲ့ သည်။

‘‘ဂျပန်ကတော့ သုတေသန ကိစ္စအတွက်ပဲ တင်တာ။ အီတာ လျံ-ထိုင်းမိတ်ဖက် ကုမ္ပဏီတွေကပဲ ကနဦး လုပ်မယ်လို့ တင် တော့ စာချုပ်ချုပ်ဖို့ ဆွေးနွေးနေတယ်။ ဂျာမနီက Roland Berger  Strategy အကြံပေး ကုမ္ပဏီကို ငှားထားတယ်။ အရင်ကလို မ ချုပ်တော့ဘူး။ အောက်တိုဘာ လကုန်ပြီးမယ် အတည်ပြုချက် ယူပြီး လုပ်မယ်ဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာလောက် လုပ်ငန်းစဖြစ်မယ်’’ဟု ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌပို့ဆောင်ရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးဟန်စိန်ကပြောသည်။

ကနဦးစီမံကိန်းတွင် နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ စက်မှုဇုန်ငယ်၊ လျှပ်စစ် ဓာတ်အားပေးလုပ် ငန်းနှင့် မြို့ပြ စီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။

မူလရင်းနှီးတည်ဆောက်သူ အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် အီတာလျံ-ထိုင်းကုမ္ပဏီက နုတ်ထွက် ခဲ့ပြီးနောက် စီမံကိန်းကို ရပ်နားထားသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သောကြောင့် စီမံကိန်း မရပ်နားမီ ရင်းနှီးမြှုပ်နှံငွေကြေး လိုအပ်ခဲ့သဖြင့် လျော်ကြေးကိစ္စများမှာ မပြီးမပြတ်ဘဲ ရှိနေသေးသည်။

7Day News Journal

No comments:

Post a Comment

My Blog List