Tuesday, October 14, 2014

No Bra Day အတွက် အနုပညာရှင်များ၏ အမှတ်တရ စကားများ







အောက်တိုဘာ ၁၃ ရက်ကို အမျိုးသမီးများ ၂၄ နာရီ ဘရာမဝတ်ရန် လှုံ့ဆော်သည့်အနေဖြင့် No Bra Day ဟု သတ်မှတ်ခဲ့ကြသည်။ 

No Bra Day ဟု သတ်မှတ်ရာတွင် အမျိုးသမီများအတွက်(Breast Reconstruction Awareness Day) ရင်သားပြန်လည် တည်ဆောက်ပေးခြင်း အသိပေး လှုံဆော်ခြင်းဖြစ်ပြီး ရင်သားကင်ဆာဖြစ်ကာ ရင်သား တစ်ခုလုံး ခွဲထုတ်လိုက်ရသူများအတွက် အမြင်တင့်တယ်စေရန် ရင်သားတုများ ပြုလုပ်ပေးကြရသည်။

၂၀၁၁ခုနှစ်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ ပလပ်စတစ်ဆာဂျင် ဒေါက်တာမစ်ချယ် ဘရောင်းက အောက်တို ဘာ ၁၃ ရက်သည် No Bra Dayဟု စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြခြင်း ဖြစ် သည်။ အဆိုပါနေ့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် တခုတ်တရ ပြုလုပ်ကျင်းပခြင်း မရှိသော်လည်း အနု ပညာရှင် များက သူတို့၏ အမြင်များကို ပွင့်လင်းစွာပြောခဲ့ကြသည်။

Su-Pan-htwarဆုပန်ထွာ

ပန်ပန်က ဘန်ကောက်ရောက်တုန်းက ခန္ဓာကိုယ်တစ်ခုလုံးကို Medical Checkup လုပ်တယ်။ အဓိကက ရင်သားနေရာကိုလည်း လုပ်ခဲ့တယ်။ သေချာစစ်ဆေးတယ်။ အခုလိုစစ်ဆေးမှုက အမျိုးသမီးတွေ အနေနဲ့ သုံးလတစ်ခါ၊ ခြောက်လတစ်ခါ စစ်သင့်တယ်။ ဖြစ်လာမှာထက် မဖြစ်ခင်က ကြိုတင်စစ်ဆေး သင့်တယ်။ ကိုယ်တိုင်လည်း စမ်းသပ်စစ်ဆေးသင့်သလို ဆရာဝန်တွေနဲ့ လည်းစစ်ဆေးသင့်ပါတယ်။ နောက်ကင်ဆာ ဆိုတာက ဘယ်ကင်ဆာမှမကောင်း ဘူးဆိုတော့ အသင်းအဖွဲ့တွေမှာ လုပ်နေတဲ့ ဆွေးနွေးဟောပြော ပွဲတွေ၊ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ရှာဖွေဆွေးနွေးသင့်ပါတယ်။ ဒီရောဂါက ကြားတာ နဲ့တင် စိတ်ဓာတ်ကျဖို့က တစ်ဝက်လောက်ရှိတယ်ဆိုတော့ ဘဝမှာကြံ့ကြံ့ခံနိုင်စေဖို့ အားအင်တွေဖြစ်စေဖို့ အသင်းအဖွဲ့ တွေနဲ့အတူ ဖြတ်သန်းသင့်တယ်။

Wa-So-Moe-Ooဝါဆိုမိုးဦး

ကင်ဆာက မျိုးရိုးနဲ့လည်းဆိုင်တယ်။ နောက်ကိုယ့်ရဲ့ အနေအထိုင်အပြုအမူနဲ့လည်းဆိုင်ပါတယ်။ ကိုယ့်ရင်သားကို ကိုယ်တိုင်စမ်းသပ်ကြည့်သင့်တယ်။ အရိပ်အခြေအနေကို အမြဲတမ်း စောင့်ကြည့်ရမှာ။ နောက်ဘရာဝတ်ရင်လည်း သန့်ရှင်းရမယ်။ တချို့တွေက မသန့်ရှင်းတာတွေလည်း ရှိတတ်တော့လေ။ ကြိုတင်စစ်ဆေးပြီး မသိတဲ့ အသိပညာအတွက် ဆွေးနွေးမှုတွေ လုပ်သင့်တယ်။ အမျိုးသမီး တော်တော် များများက ရင်သားကင်ဆာဖြစ်တာ များလာတယ်။ ၀ါဆိုကတော့ ကျန်းမာရေး မစစ်ဆေးရသေးဘူး။ လုပ်ရ ဦးမယ်။ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးကြတာမို့ ဘရာကို အချိန်ပြည့်ဝတ်ကြ တယ်။ ဘာလို့လည်းဆိုတော့ မိသားစုတွေနဲ့ ဆိုတော့လေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေထိုင်ကြသူတွေအတွက် လွတ်လပ်မှုနဲ့ နေထိုင်သင့်တယ်။ ဝါဆိုတို့လည်း မဖြစ်အောင် ကာကွယ်ရမှာပါ။

Nan-Su-Ya-Ti-Soeနန်းဆုရတီစိုး

အမျိုးသမီးတွေဟာ မိန်းမရောဂါနဲ့ အသက်ဆုံးရှုံးရတာ အများကြီးပါ။ အမျိုးသမီးတွေဟာ ဘရာမဝတ်ပဲ တစ်နေကုန် အပြင်မှာနေလို့ မရဘူးလေ။ အဲဒီတော့ ကိုယ်နေတဲ့ အခန်းထဲမှာ ကျန်းမာရေးအရ မဝတ်ပဲ ထားသင့်တယ်။ ဘာလို့လဲဆိုတော့ အရမ်းကြီး စည်းထားတာဆိုတော့ ကျန်းမာရေးအရ ကင်ဆာဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ ဒီလို မဝတ်ရအောင် တားဆီးလာတာတွေ လှုံ့ဆော်လာတာတွေက ဘရာဝတ်ရင် ရင်သားကင်ဆာ ဖြစ်ပွားမှုရှိတယ် ဆိုတဲ့ ရှာဖွေတွေ့ရှိမှုကြောင့်ပါပဲ။

ဒီလိုနှိုးဆော်မှုကို မြန်မာနိုင်ငံမှာ အခုမှ စစခြင်းတော့ ခက်ခဲမှာပါပဲ။ အခုလို ရက်တစ်ခုအနေနဲ့ သတိပြု မိအောင်၊ ဂရရုစိုက်မိအောင် အသိပညာပေးတာတွေက ကောင်းပါတယ်။ အမှန်က အမျိုးသမီးတွေဟာ ညအိပ်ရာဝင်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးစွာနဲ့ ဘာမှမဝတ်ပဲ အိပ်သင့်တယ်လို့ဆရာဝန် တွေက ဆေးပညာအရ အကြံဉာဏ်ပေးထားပါတယ်။ နန်းဆုတို့လဲ အခုလို နေထိုင်သင့်တယ်လေ။

Jue-Jue-Kဂျူးဂျူးကေ

အမျိုးသမီးတွေအနေနဲ့ ဆေးပညာဗဟုသုတရဖို့ စာတွေဖတ်ဖို့လိုပါမယ်။ မရှက်သင့်ဘဲ ရှက်ကြမယ်ဆိုရင် မလိုအပ်ဘဲ အသက်တွေဆုံးရှုံးသွားကြမှာပါ။ ခေတ်မီလာတာနဲ့အမျှ အန္တရာယ်ရှိတဲ့ ဓာတုဆေးဝါးတွေပါတဲ့ အစားအသောက်တွေက ၀င်လာတယ်။ အဲဒါတွေကလည်း ကင်ဆာဖြစ်နိုင်မယ့် အလားအလာတွေပါပဲ။ ကျန်းမာရေးသတိက လူတိုင်းမှာရှိဖို့လိုပါတယ်။ ကိုယ်တိုင်လည်း အဆီများတာကိုရှောင်တယ်။ အသင်း အဖွဲ့တွေက ဆွေးနွေးမှုတွေ၊ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်စစ်ဆေးမှုတွေကို မကြာမကြာ ပြုလုပ်သင့်ပါ တယ်။အမျိုးသမီးထုတွေ ကဒီရောဂါနဲ့ သေဆုံးမှုများတယ်လို့ကြားဖူးတယ်။ ကိုယ်တိုင်လည်း သေချာလေ့ လာပြီး မဖြစ်အောင်လို့ အခုလို နေထိုင်သွားမယ်။

ဗြိတိန် နိုင်ငံတွင် အောက်တိုဘာလကို ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလအဖြစ် သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံတွင် ယခုနှစ်အောက်တိုဘာ၁၃ရက်၌ လူတိုင်းစိတ်ဝင်စားမည့် နည်းလမ်းအမျိုးမျိုးနှင့် ဆင်ယင်ကျင်းပမည်ဖြစ် သည်။ ရင်သားကင်ဆာဖြစ်ပြီး အသက်ရှင်သူတွေကနေ 'ဘရာ' ဒီဇိုင်းဆွဲပြိုင်ပွဲများ၊ ဒီဇိုင်းများကို လေလံပစ်ခြင်းများ၊ ပညာပေးဟောပြောခြင်းများ၊ လူစုလူဝေးနှင့် သီချင်းသီဆိုခြင်းများ၊ ကခုန်ခြင်းများ၊ စုဝေးချီတက်ခြင်းများ၊ ဆင်တူဝတ်ဆင်ကြခြင်းများ၊ ရံပုံငွေရှာပွဲများ၊ အမေး - အဖြေပွဲများ၊ ပြဇာတ်များနှင့် ဧည့်ခံခြင်းများ စသည့်နည်းလမ်းများကို အကြံပြုထားသည်။

အဆိုပါ နေ့ရက်သတ်မှတ်ချက်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာလည်း ရှိနေသေးသည်။ မချို့သည် အဆိုပါ အစီအစဉ်အား အပြစ်မကင်းသည့် လုပ်ရပ်ဟု ယူဆကြသည်။

ကင်ဆာရောဂါကုသမှုတွင် လွန်ခဲ့သည့်နှစ်များအတွင်း တိုးတက်မှုများစွာ ရှိလာခဲ့သော်လည်း ရင်သား ကင်ဆာဖြစ်ပွားရသည့် အကြောင်းကို တိကျသေချာစွာ မသိရှိနိုင်သေးပေ။ အမျိုးသားကင်ဆာသိပ္ပံ၏ အဆိုအရ ၂၀၁၄ ခုနှစ်အကုန်တွင် ရင်သားကင်ဆာဖြစ်ပွားသူအမျိုးသမီး ၂၃၀,၀၀၀ ဦး တွေ့ရှိနိုင်ပြီး သေဆုံးသူအရေအတွက် ၄၀,၀၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ရင်သားကင်ဆာဖြစ်ပွားသော်လည်း အသက်ရှင်သူ အများအပြားလည်း ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ရင်သားကင်ဆာ ဆေးစစ်တွေ့ရှိခဲ့သူများအနက်မှ ၈၉ ရာခိုင်နှုန်းသည် လေး၊ငါးနှစ်အထိ ဆက်လက်အသက်ရှင်ခဲ့သည်။

မိမိကိုယ်တိုင် ပုံမှန်စစ်ဆေးမှုနှင့် X-ray ရောင်ခြည်ဖြင့် စစ်ဆေးခြင်းဖြင့် အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင် သည်။ မိမိတွင် ဖြစ်ပွားနေသည့် အနေအထားကို သတိထားပြီး ဆရာဝန်နှင့် ပြသသင့်သည်။

အောက်တိုဘာလသည် “နိုင်ငံအဆင့် ရင်သားကင်ဆာ သတိပြုရေးလ” ဖြစ်ပြီး ရင်သားကင်ဆာ သုတေ သန လုပ်ဆောင်မှုအတွက် အသိပေးမှုလုပ်ဆောင်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List