Thursday, October 16, 2014

နီပေါမှာ နှင်းတောင်ပြိုကျ ၂၀ သေ၊ ၁၀၀ ကျော် ပျောက်ဆုံး


နီပေါနိုင်ငံ ​ဟိမဝန္တာတောင်တန်းမှာ ​နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​တောင်အောက် ​လျှောကျမှုတွေ ​ဖြစ်ခဲ့တဲ့ အတွက် ​အနည်းဆုံး ​လူ ​၂၀ ​သေဆုံးခဲ့ပြီး ​လူပေါင်း ​တစ်ရာကျော် ​ပျောက်ဆုံးနေပါတယ်။အဲဒီဒေသဟာ ​တောင်တက်သမားတွေအကြား ​နာမည်ကြီးတဲ့ ​ဒေသဖြစ်ပြီး ​သေဆုံးသူတွေထဲမှာ ​နိုင်ငံခြားသာ ​တောင် တက်သမားတွေလည်း ​ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ​တနင်္ဂနွေနေ့က ​ကျရောက်တဲ့ ​Hudhud ​မုန်တိုင်းရဲ့ ​လက်ကျန်ရာသီဥတုရဲ့ ​ဒဏ်ကို ​နီပေါနိုင်ငံ ​Annapurna ​Circuit ​ဒေသက ​တောင်တက်သမားတွေနဲ့ ​သူတို့ရဲ့ ​လမ်းပြတွေက ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​ပြိုကျမှုကြောင့် ​လူပေါင်း ​၂၀ ​ရဲ့ ​အလောင်းကို ​ရဲတွေ ​တွေ့ရှိခဲ့ပြီး ​တချို့လူတွေ ​ပိတ်မိနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

သေဆုံးသွားတဲ့ ​တောင်တက်သမားတွေထဲမှာ ​အစ္စရေး၊ ​ပိုလန်၊ ​ကနေဒါ၊ ​အိန္ဒိယနဲ့ ​ဗီယက်နမ်နိုင်ငံသားတွေ ​ပါဝင်ပါတယ်။ ​ရာသီဥတု ​ဆိုးဝါးမှုကြောင့် ​အလောင်းတွေကို ​ပြန်မသယ်နိုင်သေးဘူးလို့လည်း ​သိရပါတယ်။

တောင်တက်သမား ​အယောက် ​၁၀၀ ​လောက် ​အဲဒီနေရာမှာ ​ရောက်ရှိနေတယ်လို့ ​ခန့်မှန်းရတဲ့အတွက် ​ရှာဖွေမှုတွေ၊ ​ဆက်သွယ်မှုတွေ ​ပြုလုပ်နေကြပါတယ်။ ​ဒါပေမဲ့ ​ဖုန်းအဆက်အသွယ် ​မကောင်းတဲ့အတွက် ​တောင်တက်သမားတွေနဲ့ ​အဆက်အသွယ် ​မရသေးပါဘူး။

ဒီလို ​ရာသီအတွင်း ​တောင်တက်ဖို့ ​ကောင်းမွန်တဲ့အတွက် ​အဲဒီနေရာကို ​တောင်တက်သမား ​ထောင်နဲ့ချီ ​လာရောက်လေ့ရှိတယ်လို့လည်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထား ပါတယ်။

ABC

No comments:

Post a Comment

My Blog List