Thursday, October 16, 2014

မျက်မမြင် လမ်းလျှောက်တုတ်နေ့ မျက်မမြင် ၇၀၀ ကျော် ပါဝင်ဆင်နွဲ


နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ၂၃ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား မျက်မမြင်လမ်းလျှောက်ပွဲသို့ မျက်မမြင် ၇၀၀ ကျော် ပါဝင်ဆင်နွဲခဲ့သည်ဟု ခဝဲခြံမျက်မမြင် သင်တန်းကျောင်း ဆက်သွယ်ပြန်ကြားရေးနှင့် သင်ထောက်ကူပစ္စည်း ထုတ်လုပ်ရေးဌာန အမှုဆောင် အတွင်းရေးမှူး ဒေါ်ရိုစီက မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် (၂၃) ကြိမ်မြောက်ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ြပိုင်ပွဲကို အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဆူးလေဘုရား အနီးပြု လုပ်ကျင်းပစဉ်။ ၎င်းလမ်းလျှောက်ပွဲတွင် မျက်မမြင် လမ်းလျှောက်သူ (၇၀၀) ခန့် ပါဝင်ခဲ့သည်။

ယင်းလမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီခန့်တွင် မြို့တော်ခန်းမမှ စတင်ထွက်ခွာပြီး ကုန်သည်လမ်း- ပြည်လမ်း- အနော်ရထာ လမ်းနှင့် မြို့တော်ခန်းမသို့  မျက်မမြင်များ လမ်းလျှောက်ရာတွင် ၃၀၀ ကျော်ကပါ ပါဝင်လမ်းလျှောက်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

ဒေါ်ရိုစီက “ဒီလိုမျိုးတစ်နှစ်တစ်ခါ လမ်းလျှောက်ရတာ သူတို့တွေက အရမ်းပျော်ကြတယ်။ ပြည်သူတွေက လည်း အားပေးတယ်။ ဘယ်ညာ အသံပေးတယ်။ လက်ဆောင်တွေ၊ အစားအသောက်တွေပေးတယ်။ အဲ့တာကြောင့် သူတို့တွေ အရမ်းကို ပျော်ရွင်စိတ်အားတက်ကြရတယ်” ဟု ပြောသည်။

ယင်းသို့ပင် မျက်မမြင်လမ်းလျှောက်ပွဲကို ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာမြို့၊ ပြည်ဦးလွင်မြို့နှင့် မိတ္ထလာမြို့တို့  ကျင်းပခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List