ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ဆန္ဒပြသမားတစ်ဦးကို ရဲတွေက လက်ထိပ် ခတ်ပြီး ရိုက်နှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဟောင်ကောင်အစိုးရက ညွန်ကြားထားပါတယ်။ဆန္ဒပြ သမားတွေက လမ်းတွေ ပိတ်သွားအောင် ချထားတဲ့ အတားအဆီးတွေကို ရဲတွေက ဖယ်ရှားရင်း ဆန္ဒပြ သူတွေနဲ့ ရဲတွေအကြား တင်းမာမှု ဖြစ်ခဲ့ပါတယ်။
အဲဒီလို ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ လက်ထိပ်ခတ်ခံနေရတဲ့ ဆန္ဒပြသူတစ်ဦးကို ရဲအုပ်စု တစ်စုက ဝိုင်းဝန်ကန်ပြီး ဆက်တိုက် ထိုးကြိတ်နေတဲ့ ပုံကို တွေ့ခဲ့ရပြီး အင်တာနက်ပေါ်မှာ ဗီဒီယို အလျင်အမြန် ပျံ့နှံ့သွားပါတယ်။
ဆန္ဒပြသမားတစ်ဦးကို ရိုက်နှက်ရာမှာ ပါဝင်တဲ့ ရဲတွေကိုလည်း တာဝန်က ရပ်ဆိုင်းထားပြီလို့ သိရပါတယ်။
ဟောင်ကောင်အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘက်လိုက်မှု မရှိပဲ စုံစမ်း စစ်ဆေးမှု လုပ်သွားမယ်လို့ ပြောပါတယ်။
တရားမဝင် ဆန္ဒပြမှုကြောင့် ဆန္ဒပြမှုမှာပါဝင်သူ ၄၅ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်မြို့ရဲ့ အဓိကနေရာတွေကို ပိတ်ချပြီး ဆန္ဒပြမှုတွေ လုပ်ခဲ့တာ နှစ်ပါတ်ကျော် ကြာသွားပြီး အခုအခါမှာ ဆန္ဒပြဦးရေ နည်းပါးလာပေမယ့် ဆန္ဒပြမှုတွေ ဆက်လက်ရှိနေသေးတဲ့အကြောင်း အေဘီစီ သတင်းထောက် Stephen McDonell က သတင်းပေးပို့ထားပါတယ်။
ABC
No comments:
Post a Comment