Wednesday, October 15, 2014

UPWC နှင့် NCCT တို့ NCA အတွက် အောက်တိုဘာလအတွင်း တွေ့ဆုံရန်ရှိ


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA အတွက် အောက်တိုဘာလ အတွင်း နှစ်ဖက်တွေ့ ဆုံ ဆွေးနွေးနိုင်ရန် အကြောင်းကြားထားကြောင်း MPC အကြီးတန်း အကြံပေးက ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ NCCT ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ ပြင်ဆင်နေဆဲ ကာလ ဖြစ်သဖြင့် ဆွေးနွေးပွဲရက်အတိအကျ မသတ်မှတ်ရသေးကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလှမောင်ရွှေ ဆိုသည်။

၎င်းက “ဒီလအတွင်းတော့ ဆွေးနွေးဖို့ရှိပါတယ်”ဟု အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

(KNPP) ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ NCCT အဖွဲ့ဝင် ခူးတော်ရယ်က ဆွေးနွေးရန် အချိန်နေရာ အတိအကျမရှိသေးေ ကြာင်း ပြောကြားသည်။ “ဒီလမဖြစ်လည်း နောက်လထဲမှာလုပ်ဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲများမှ နားလည်မှုမရသေးသည့် ကိစ္စရပ်များကို ညှိနှိုင်းမည့် ထပ်မံတွေ့ဆုံမှုသည် အလွတ်သဘောမဟုတ်ကြောင်း ၎င်းကဆိုသည်။

“တခြားအသစ်တော့ဆွေးနွေးမယ့် အချက်မရှိလောက်ပါဘူး။ အရင်ဆွေးနွေးပွဲက မကျသေးတဲ့ဟာတွေပဲ ပြန်ပြီးဆွေးနွေးရမယ် သဘောပဲရှိပါတယ်” ဟု ခူးတော်ရယ် ကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် စက်တင်ဘာ ၂၂ မှ ၂၆ ထိ (MPC) မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးစာချုပ် ကို ၅ ရက်ကြာ ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် လွှတ်တော်သို့ တင်သွင်းရေး၊ လုံခြုံရေးဆိုင် ရာ ပေါင်းစည်းရေးနှင့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးမှုများ မကျေမလည်ဖြစ်ခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည့် ကိစ္စကို NCA တွင် မူအရလက်ခံထားပြီးဖြစ် ကြောင်း ခူးတော်ရယ်က ပြောသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List