Tuesday, October 14, 2014

၂၀၁၄ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်သူ ရှစ်သောင်းခွဲကျော်ရှိပြီး တရုတ်နိုင်ငံသားများကို အများဆုံးခွင့်ပြုခဲ့


၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခဲ့ သည့် နိုင်ငံခြားသား ခရီးသည် ရှစ်သောင်းခွဲကျော်ရှိပြီး တရုတ်နိုင်ငံသားများကို အများဆုံးခွင့်ပြုခဲ့ကြောင်း စုံစမ်းသိရှိရသည်။


“၂ဝ၁၄ ခုနှစ် ကိုးလတာအတွင်းမှာ မြန်မာနိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ နိုင်ငံခြားသားခရီးသည် ၈၅၆၆၇ ဦး ဝင်ရောက်ခဲ့ရာမှာ တရုတ်လူမျိုး အများဆုံးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားများမှာ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး၊ စင်ကာပူနိုင်ငံက ဒုတိယခရီးသည်ဝင်ရောက်မှုအများဆုံးနှင့် မလေးရှားနိုင်ငံက တတိယခရီးသည်ဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်ဇွန် ၁ ရက်တွင် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံအား စီးပွားရေး ဆိုက်ရောက် ဗီဇာ စတင်ခွင့်ပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဥရောပနိုင်ငံအများစုပါဝင်သော ၂၂ နိုင်ငံအား စီးပွားရေးဆိုက်ရောက်ဗီဇကို ထပ်မံခွင့်ပြု ခဲ့သည်။

ဆိုက်ရောက်ဗီဇာအား စတင်ခွင့်ပြုခဲ့သည့်ရက်မှစ၍ ယခုလက်ရှိအချိန်အထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့် ခရီးသွားဦးရေမှာ ၁၂ဝဝဝဝ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဆိုက်ရောက်ဗီဇာအမျိုးအစားတွင် ပါဝင်သည့် လုပ်ငန်းနှင့်ဆက်စပ်သည့် အစည်းအဝေးများ တက်ရောက်ရန် ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်သူ ၃၉ဝဝ ခန့်၊ ဖြတ်သန်းဗီဇာဖြင့် ဝင်ရောက်သူ ၄ဝဝ ခန့်ရှိရာ ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ခရီးသည် ၁၃ဝဝဝဝ ခန့် အထိ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ခွင့်ပြုခဲ့သည့်လုပ်ငန်းဗီဇာဖြစ်သည့် စီးပွားရေးဆိုက်ရောက်ဗီဇာအား ဗီဇာအမျိုးအစား သုံးမျိုးသတ်မှတ်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယင်းဗီဇာ သုံးမျိုးမှာ လုပ်ငန်းဗီဇာ Business Visa အား ဗီဇာကြေး ဒေါ်လာ ၅ဝ နှင့် ခွင့်ပြုရက်ပေါင်း ၇ဝ၊ စီးပွားရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ရန်အတွက် ပြည်ဝင်ဗီဇာ Business Visa အား ဗီဇာကြေး ဒေါ်လာ ၄ဝ နှင့် ခွင့်ပြုရက်ပေါင်း ၂၈ ရက်နှင့် ရန်ကုန်မြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိ၍ ညနေတွင် ပြန်လည်ထွက်ခွာရမည့် Transit  Visa အား ဗီဇာကြေး ဒေါ်လာ ၂ဝ နှင့် ခွင့်ပြုချိန် ၂၄ နာရီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List