Friday, October 17, 2014

ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ၁ သိန်း ချမှတ်


သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို ပုဒ်မနှစ်ခုပေါင်း ထောင် ၁၃ နှစ်နှင့် ငွေဒဏ် ကျပ် ၁ သိန်း ကို အောက်တိုဘာ ၁၇ ရက် နံနက်က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက အမိန့်ချလိုက်ပြီ။

ဦးဆန်းဆင့်အား ပြစ်မှုကြီးမှု ၄၁/၂၀၁၄ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲ သုံးမှုအတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်ပြီး  ပြစ်မှုကြီးမှု ၄၂/၂၀၁၄ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက်ကိုမူ ထောင်ဒဏ် ၁၀ နှစ် (တစ်သက်တစ်ကျွန်း)နှင့် ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List