Friday, October 17, 2014

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်နှင့် Myanmar Investment Group တို့ နိုင်ငံအတွင်း ရုပ်ရှင်ရုံများ တည်ဆောက်နိုင်ရန် MoU ရေးထိုး



ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမိတက်နှင့် Myanmar Investment Group တို့သည် နိုင်ငံအတွင်းရုပ်ရှင်ရုံများ တည်ဆောက်နိုင်ရန် စီမံကိန်း အတွက် MoU ရေးထိုးပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ MoU ရေးထိုးရာတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု အများ ပိုင်ကုမ္ပဏီနှင့် Myanmar Investment Group တို့ ကနဦး သဘောတူညီမှုရယူကာ MoU ရေးထိုးခဲ့ခြင်း ဖြစ်သည်။ 
“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီနဲ့ နားလည်မှုယူထားပြီးပြီဆိုတော့ ရုပ်ရှင်ရုံ တည်ဆောက်မှုလုပ်ငန်းအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံလိုသူတွေကို ရှာဖွေဖိတ်ခေါ်ပေးပါမယ်။ MIG အနေနဲ့လည်း ပါဝင်မြှုပ်နှံသွားမှာပါ။ Business Plan တွေကိုလည်း ရေးဆွဲသွားပါမယ်။ ဘယ်လောက်မြှုပ်နှံတယ်ဆိုတာကတော့ လုပ်ငန်းတစ်ခုချင်းအလိုက် အသေးစိတ်ဆွေးနွေးပြီးမှပဲ ထုတ်ပြန်နိုင်မှာပါ။ ကျွန်တော်တို့နှစ်ဖက် အသေးစိတ်အချက်အလက်တွေပါဝင်တဲ့ စာချုပ်ချုပ်ဆိုပြီး သွားတာနဲ့ လုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေ စတင်သွားပါမယ်။ ဒီလုပ်ငန်းစဉ်အလိုက်ကိုလည်း မီဒီယာတွေကတစ်ဆင့် ထုတ်ပြန်သွားမှာပါ”ဟု Myanmar Investment Group မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 

MoU ရေးထိုးပွဲတွင် နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးကြပြီးနောက် Myanmar Investment Group မှ ရုပ်ရှင် သက်ကြီးရန်ပုံငွေအတွက် ကျပ်သိန်း ၂ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

MoU တွင်အဓိက သဘောတူညီထားခဲ့သည်မှာ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံများပေါ်ထွန်းလာရန်အတွက် နှစ်ဖက် ဆွေးနွေးသဘောတူညီချက်များ ရယူကာ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆောင်ရွက်သွားရန် စီစဉ် ထားခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်အများပိုင်ကုမ္ပဏီလီမိတက်အနေဖြင့် ပုဂံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ သည်လည်း မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန်အတွက် MoU ရေးထိုးထားပြီးဖြစ်ကြောင်းသိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List