Wednesday, October 15, 2014

လိပ်ကျွန်းလူသတ်မှု ဗြိတိန်အကူ ထိုင်းဝန်ကြီးချုပ် ပယ်ချ



ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိန်က ကမ်းလှမ်းခဲ့တဲ့ အကူအညီကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ကိုင်တွယ်မှု အပေါ် ကြီးထွားလာတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သူက လျော့ပါးအောင် လုပ်ဆောင်လိုက် ပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန် အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို ဆင်ခေါ်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုလိုက်ပြီး ရှင်းလင်းဖို့ အတွက် တွေ့ဆုံတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းသံမှူးက လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ် လို့ ချန်အိုချာက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သူတို့တွေမှာ သံသယမရှိတော့သလို အစကမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ သံသယရှိသူတွေကို အလျင်အမြန် ဖမ်းဆီးဖို့ စီမံနိုင်တဲ့အတွက် ဒါတွေအားလုံးကို နားလည်ဖို့ အချိန်အနည်းငယ် လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက ထိုင်းသံမှူးနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် သံမှူးက နိုင်ငံခြားရေးဝန်ကြီး၊ ရဲတပ်ဖွဲ့တွေနဲ့ ၃ နာရီ ကြာတွေ့ဆုံကာ အမှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ဗြိတိန်က အကူအညီပေးဖို့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။

ပရာယွတ်ကတော့ ဒါဟာသူတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စ အဖြစ် တုံ့ပြန်ပြော ဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List