Wednesday, October 15, 2014

ပျောက်ကွယ်နေခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ပြန်လည်ပေါ်ထွက်လာ


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တစ်လကျော်ကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် အများရှေ့မှောက်သို့ ပြန်လည်ပေါ်ထွက် လာသည့်သတင်းကို မြောက်ကိုရီးယားနိုင်ငံပိုင် ကေအင်န်စီ သတင်းဌာနက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ကင်ဂျုံအွန်သည် ပြုံယမ်းရှိ အိမ်ရာ အဆောက်အအုံသစ်တစ်ခုသို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့သည်ဟု နိုင်ငံပိုင် သတင်းမီဒီယာက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၃ရက်ကတည်းက ကင်ဂျုံအွန်ကို ရုပ်သံသတင်းများတွင် တွေ့မြင်ရခြင်းမရှိတော့ပဲ ကာလကြာ
ပျောက်ကွယ်နေခဲ့ပြီးနောက် ပထမဆုံးအဖြစ် ယခုကဲ့သို့ ကင်၏သတင်းဖော်ပြချက် ပြန်လည်ပေါ်ထွက်လာ ခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ ပျောက်ကွယ်နေခြင်းကြောင့် ကောလာဟလများထွက်ပေါ်ခဲ့ပြီး ၎င်းသည် ကျန်းမာရေးအခြေ အနေ ဆိုးရွားနေခြင်း သို့မဟုတ် အာဏာသိမ်းခံထားရခြင်း စသည့်သတင်းများ ထွက်ပေါ်နေခဲ့သည်။

ကင်ဂျုံအွန် သည် နိုင်ငံ၏ ဂြိုလ်တုဆက်သွယ်ရေး အစီအစဉ်အတွက် လုပ်ကိုင်နေကြသော ၀န်ထမ်းများ အတွက် ဆောက်လုပ်ပေးထားသည် အဆောက်အအုံသစ်ထံသို့ ကွင်းဆင်းစစ် ဆေးခဲ့ခြင်းဖြစ်သည် ဟု ကေအင်န်စီက ထုတ်ပြန်ခဲ့သည်။

“ကြွေပြားအရောင်မျိုးစုံနဲ့ အလှဆင်ထားတဲ့ တိုက်ခန်းတွေကိုကြည့်ပြီးတော့ ကင်ဂျုံ အွန်က အလွန်ကျေနပ်ခဲ့ ပါတယ် ၊အပြင်အဆင် က ကောင်းတယ်လို့ လည်း ပြောသွားပါတယ်” ဟု အဆိုပါ သတင်းတွင် ဖော်ပြ ထားသည်။

သို့သော် အဆိုပါသတင်းတွင် ယင်းအဆောက်အအုံသို့ ကင်ဂျုံအွန် သွားရောက်စစ်ဆေးသည့် နေ့ရက်ကို ဖော်ပြခဲ့ခြင်းမရှိခဲ့ဘဲ ရက်စွဲဖော်ပြ ထားသည့် သတင်းများကို ယခင်ကလည်း ဖော်ပြခဲ့ဖူးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List