Wednesday, October 15, 2014

အင်ဒိုသမ္မတ ကျမ်းကျိန်ပွဲအတွက် လုံခြုံရေး နှစ်သောင်းကျော် ချထားမယ်


အင်ဒိုနီးရှားနိုင်ငံမှာ ​လာမယ့် ​တပါတ်ကြရင် ​ရွေးကောက်ခံ ​သမ္မတအသစ်က ​ကျမ်းသစ္စာ ​ကျိန်ဆိုမှု ​ပြုလုပ် မယ့်အတွက် ​ရဲအင်အား ​နှစ်သောင်းကျော်က ​လုံခြုံရေးတာဝန်ယူဖို့ ​ပြင်ဆင်ထားကြောင်း ​အင်ဒိုနီးရှား ​ရဲချုပ်က ​ပြောပါတယ်။

ပါလီမန်အဆောက်အဦးနဲ့ ​သမ္မတ ​အိမ်တော်တဝိုက်မှာ ​ရဲနဲ့ ​စစ်သား ​အင်အား ​နှစ်သောင်းနှစ်ထောင် ​ချထားမယ်လို့ ​ရဲချုပ် ​Sutarman ​က ​ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ​သမ္မတ ​ရွေးကောက်ပွဲအတွင်း ​ပရိဘောဂ ​လုပ်ငန်းရှင် ​Joko ​Widodo ​က ​အနိုင်ရသွားတဲ့ အတွက် ​တနင်္လာနေ့ကျရင် ​ကျမ်းသစ္စာကျိန်ဆိုမှာ ​ဖြစ်ပါတယ်။

အဲဒီအခမ်းအနားအတွင်း ​သြစတြေးလျဝန်ကြီးချုပ် ​တိုနီအာဘော့တ်အပြင် ​တခြား ​နိုင်ငံတကာက ​ခေါင်း ဆောင်တွေလည်း ​တက်ရောက်ဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ပါလီမန်မှာ ​ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ​သမ္မတသစ် ​Joko ​Widodo ​က ​သမ္မတ ​အိမ်တော်ကိုသွားပြီး ​သမ္မတဟောင်း ​Susilo ​Bambang ​Yudhoyono ​နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။ ​အဲဒီမှာ ​သမ္မတဟောင်းက ​သမ္မတအသစ် ​ဖြစ်လာသူကို ​သူနေထိုင်ခဲ့ရာ ​အိမ်တော်အကြောင်း ​ရှင်းလင်း ​ပြသမှာဖြစ်ပြီး ​အိမ်တော်ကနေ ​ဖယ်ရှားပေးမှာ ​ဖြစ်ပါတယ်။

သမ္မတသစ်ကို ​ထောက်ခံသူတွေကတော့ ​ပျော်ပွဲရွှင်ပွဲတွေ ​ကျင်းပဖို့ ​စီစဉ်နေကြတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​George ​Roberts ​က ​ဂျာကာတာမြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

Joko ​Widodo ​ဟာ ​ကမ္ဘာ့  ​တတိယအကြီးမားဆုံး ​ဒီမိုကရေစီ ​နိုင်ငံရဲ့ ​ခေါင်းဆောင်သစ် ​ဖြစ်လာတာပါ။

ABC

No comments:

Post a Comment

My Blog List