စတုတ္တအကြိမ်မြောက် အင်းဆုံဆည်းရာနေ့ကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အင်းအမျိုးသားအလံဒီဇိုင်းကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြသမည်ဟု အင်းဆုံဆည်းရာနေ့ ဖြစ်မြောက်ရေး ဗဟို ကော်မတီဦးစီးအဖွဲ့ အမှုဆောင် ဦးသာဒိုးက ပြောသည်။
အင်းလူမျိုးများနှင့် အင်းလေးကန်ရှိ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု များကူးလူး ဆက်သွယ်မှုကိုသိရှိရန် နှင့် ပျက်စီးလာသော အင်းလေးကန် ၏ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရည်ရွယ်ပြီး အင်းဆုံဆည်းရာနေ့ ကို နှစ်စဉ်ပြုလုပ် ရခြင်းဖြစ်သည် ဟု ၄င်းက ပြောသည်။
“အင်းလေးကန် ထဲမှာရှိတဲ့ အင်းသူ၊သားတွေတင်မကပါဘူး၊ အခြားအနယ်နယ် အရပ်ရပ် မှာရှိနေကြတဲ့ အင်းသူ၊သားတွေပါ အင်းဆုံဆည်း ရာနေ့ကိုလာရောက် ပြီး စည်းလုံးစွာနဲ့ လုပ်ဆောင်သွားမှာပါ” ဟု ဦးသာဒိုး က ဆိုသည်။
အင်းဆုံဆည်းရာနေ့ အခမ်းအနားကို ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရား ကုန်းမြေပေါ်တွင် ပြုလုပ်သွားရန်စီစဉ်ထားပြီးနောင်နှစ် များတွင်မူ အများသဘောဆန္ဒအရ နေရာအပြောင်း အလဲလုပ်၍ ကျေးရွာများထိ ကျင်းပရန် အင်းဆုံဆည်းရာနေ့ ဖြစ်မြောက်ရေး ဗဟို ကော်မတီ ဦးစီးအဖွဲက စီစဉ်နေသည်။
ယင်းအပြင် စတုတ္တအကြိမ်မြောက် အင်းဆုံဆည်းရာနေ့ တွင် ထူးခြားချက် အနေဖြင့် အင်းအမျိုးသား အလံ ဒီဇိုင်းကိုပထမဦးဆုံးအကြိမ်ထုတ်ဖော်ပြသ သွားရန် စီစဉ်ထားသည် ဟု ဦးသာဒိုး က ဆိုသည်။
“အင်းအမျိုးသားအလံ ပုံကြမ်းလေးငါးခြောက်ခုထဲကနေ အများသဘောတူတဲ့ အကောင်းဆုံးပုံစံကို ရွေးချယ် ပြီး အင်းအမျိုးသားအလံအဖြစ်ထုတ်ဖော်ပြသသွား ပါမယ်” ဟုအင်းဆုံဆည်းရာနေ့ ဖြစ်မြောက်ရေး ဗဟို ကော်မတီ ဦးစီးအဖွဲ့ အမှုဆောင် ဦးသာဒိုး ကပြောသည်။
အင်းဆုံဆည်းရာနေ့ကို ၂၀၁၁ ခုနှစ်က ပထမဦးဆုံးအကြိမ် စတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖောင်တော် ဦးဘုရား မီးကြာမျော ပူးဇော်ခြင်း၊ အင်းလူငယ်မောင်မယ်ပြိုင်ပွဲ၊အင်းရိုးရာလှေလော်ပြိုင်ပွဲ၊ သဘာဝပတ်ဝန်း ကျင် ပြခန်းနှင့် ဘုံကထိန်ပွဲများပါဝင်မည်ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment