Thursday, October 16, 2014

မိန်းကလေးများ ရင်သားခွဲစိတ်ချင် လာစေရန် ဘာဘီအရုပ်က သွေးဆောင်နေဟု အင်္ဂလန်မော်ဒယ် အပြစ်တင်


မိန်းကလေးများ အကြိုက်ဆုံး ကစားစရာ အရုပ်တစ်မျိုး ဖြစ်သည့် ဘာဘီရုပ်များက ဆယ်ကျော်သက် မိန်းကလေးများကို ရင်သားခွဲစိတ်မှု ပြုလုပ်ဖြစ်ရန် သွေးဆောင်နေကြောင်း အင်္ဂလန် မော်ဒယ် ဂျိုဒီမက်ရှ်က ပြစ်တင် ပြောကြားမှု ပြုလုပ်ခဲ့သည်။ 

အသက် ၃၅ နှစ်အရွယ် ရှိပြီ ဖြစ်သည့် ဂျိုဒီက မိမိမှာလည်း ဘာဘီရုပ်များ၏ သွေးဆောင်မှုကို ခံခဲ့ရကြောင်း ၀န်ခံခဲ့သည်။

ရင်သားနှင့် နှာခေါင်းကို ပလတ်စတစ် ဆာဂျရီနည်းဖြင့် ခွဲစိတ် ပြုပြင်ထားသူ ဂျိုဒီက ကိုယ်လုံးကိုယ်ပေါက် အသားပေး ဖက်ရှင်ကျကျ ဘာဘီရုပ်သည် သူအား ခွဲစိတ်ဓားသွား အောက်သို့ ပို့ ဆောင် ပေးခဲ့သည့် အဓိက တရားခံ ဖြစ်သည်ဟု ယတိပြတ်ပြောလိုက်သည်။

မည်သည့် အတွက်ကြောင့် ဆိုသော် ဘာဘီ၏ အဖော်အရုပ် စင်ဒီနှင့် နှိုင်းယှဉ် ကြည့်မိရာတွင် ဘာဘီ သည် အားကျစရာ စင်းလုံးချော လှပနေပြီး စင်ဒီမှာ ရုပ်ဆိုး အကျည်းတန်သည့် အရုပ်တစ်ရုပ် ဖြစ် သွားကြောင်း၊ လှပမှုကို မက်မော စိတ်ကြောင့် ဘာဘီရုပ်ကဲ့သို့ ရင်သားကြီးထွား လှပလိုစိတ် ဖြစ်လာ ခဲ့ရကြောင်း ဂျိုဒီကပြောသည်။

"ကျွန်မ ကလေးဘဝ အချိန်တွေ အတွက် ဘာဘီရုပ်က အပြစ်ရှိ နေတယ်။ ကျွန်မမှာ ဘာဘီရုပ်နဲ့ အတူ စင်ဒီရုပ် လေးလည်း ရှိခဲ့တာပါ။ စင်ဒီရဲ့ ပုံစံကိုယ်လုံးကိုယ်ထည် ဖွဲ့ စည်းပေး ထားတာက သာမန်ပါ။ ဒါပေမယ့် ဘာဘီရုပ်ကတော့ လုံးလုံးကို စင်းလုံးချော လှပနေတဲ့ အရုပ်ပါပဲ"ဟု သူကပြောခဲ့သည်။ "ဒါပေမယ့် ဒီအရုပ်အတိုင်းပဲ ရှိတဲ့ လူဆိုရင်တော့ လူလို့ ပြောလို့ မရတော့ဘူး။ အရာရာ ပြည့်စုံ နေတော့ အခြားဂြိုလ်က သတ္တဝါ တစ်ကောင်လို ဖြစ်နေ လိမ့်မယ်"ဟု ၎င်းက ဆက်လက် ပြောသည်။

ငယ်ငယ်ရွယ်ရွယ် အသက်ပိုင်းတွင်မူ စင်ဒီနှင့် ယှဉ်လျက် ဘာဘီရုပ်ကဲ့သို့ လှပ ပြည့်စုံလိုစိတ် ပြင်းထန်လာ ခဲ့ရကြောင်း၊ ထို့ အတွက် အရွယ်ရောက်သည့် အချိန်တွင် ရင်သား ခွဲစိတ်မှု ပြုလုပ်မိတော့ကြောင်း ဂျိုဒီကပြောသည်။ 

၎င်းအနေနှင့် ရင်သားနှင့် နှာခေါင်းတို့ကို ခွဲစိတ်မှု လုပ်ခဲ့ရသော်လည်း သဘာဝ အလှ မဟုတ်၍ တပ်မက် ချင်စရာ ကင်းကာ နောင်တရမိသည်ဟု ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List