Thursday, October 16, 2014

ဦးဝီရသူ တရားပွဲရှိရာ အေးသာယာမြို့သစ်တွင် ဗုံးလန့်မှုဖြစ်


မန္တလေး၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတရားပွဲရှိနေသည့် တောင်ကြီးမြို့၊ အေးသာယာမြို့သစ် တွင်  အောက်တိုဘာ ၁၅ ရက် နေ့လည် တစ်နာရီဝန်းကျင်က ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကျော်နိုင် က မဇ္ဈိမကို အတည်ပြုသည်။

အေးသာယာ ရပ်ကွက် အမှတ် ၁၄ ရဲကင်းအနီး ဒေါ်ဌေး တို့ဖူးနွေးဆိုင်တွင် ယနေ့ နံနက် ၉း၀၀နာရီခန့်က အမည်မသိ လူစိမ်း တစ်ဦး တိုဖူးနွေး လာရောက်စားသုံးခဲ့ပြီး ပိုက်ဆံမပါ၍ ဟုဆိုကာ မီးခိုးဗုံး နှင့်အလား သဏ္ဍန်တူသည့် အရာတစ်ခုကို အပ်နှံထားခဲ့ရာ ဗုံးလန့်မှုဖြစ်ခြင်းဟု အေးသာယာမြို့သစ် ရဲစခန်း တာဝန် ကျ အရာရှိက မဇ္စျိမကို ပြောသည်။

"အပ်သွားပြီးတော့ နေ့လည်ထိ လာမရွေးတာနဲ့ ဆိုင်ရှင်က ရပ်ကွက်အုပ်ချုပ်ရေး မှူးကိုသွားအပ်လိုက်တယ် ၊ ရယက ကလည်း ဗုံးနဲ့တူလို့ ကျွန်တော်တို့ကို အကြောင်းကြားပေးပြီး ဆိုင်ရာအဆင့်ဆင့်ကို သတင်းပေး ပို့ခဲ့တယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ယင်းနောက် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၊ ဗျူဟာမှူးနှင့် အခြားပူးပေါင်းအဖွဲ့ဝင်များ ညနေ ၄း၀၀ နာရီ တွင် ရောက်ရှိ စစ်ဆေးပြီး စနစ်တံ မောင်းကွင်းပါရှိ၍ ဗုံးနှင့်အလားသဏ္ဍန်တူ သဖြင့်ကျင်းတူ ဖောက်ခွဲ ဖျက်ဆီးရန် ပြင်ဆင်ခဲ့သည်ဟု ၎င်းကရှင်းပြသည်။

ယင်းကို ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေစဉ် တပ်မတော် အင်ဂျင်နီယာတပ်မှ  တပ်ကြပ်ကြီးတစ်ဦးက ဗုံးမဖြစ်နိုင်ဟု ယူဆ၍ လက်ကိုင်ကွင်းကို ဖိ နှိပ် ကြည့်ရာမှ  ဂတ်စ် မီးခြစ်ဖြစ်နေသည်ကို သိရသည်ဟု သက်ဆိုင်ရာမြို့နယ် ရဲအရာရှိက ပြောသည်။

”ပထမပိုင်းက ဗုံးလို့ကြားတာ နောက်မှ  ဗုံးမဟုတ်ဘူး ၊ ဂတ်စ်မီးခြစ်ဆိုတာ သိရတယ်၊ တပ်က ယူသွား တယ် ၊ ထပ်မံ စစ်ဆေးနေတယ်” ဟု ပြည်နယ် ရဲမှူး ကျော်နိုင် က ပြောသည်။

ဖြစ်ပွားချိန်သည်  အေးသာယာ မြို့သစ်၌ ဆရာတော်ဦးဝီရသူတရားဟောပြောရန် စီစဉ်ထားချိန်လည်းဖြစ် သည်။

ယင်းမတိုင်မီ အောက်တိုဘာ ၄ရက် ည ၁၀နာရီ ၄၅မိနစ်ခန့်ကလည်း   တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)အနီး၊  အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ရှေ့ နှင့်ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးသုံးလုံးပေါက် ကွဲ၍ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ရပခ ရှေ့အနီးနှင့် လမ်းလည် ကျွန်းတွင်မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးကို တွေ့ရှိခဲ့သည်။ သို့သော် ယနေ့ချိန်ထိ ကျူးလွန်သည့် တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List