ယူကရိန်းနယ်စပ်မှာ နေရာယူထားတဲ့ ရုရှား စစ်သား အယောက်ပေါင်း ၁၇၀၀၀ ကို တပ်ဆုတ်ဖို့ ရုရှား သမ္မတ ဘလာဒီမီယာ ပူတင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားဟာ ယူကရိန်းသူပုန်ကို ထောက်ပံ့မှု လုပ်သလို စစ်တပ်ပို့ဆောင် ကူညီတာမျိုးတွေ လုပ်တယ်ဆိုပြီး အနောက် တိုင်းနိုင်ငံတွေရဲ့ စွပ်စွဲမှုကို ခံနေရပါတယ်။
အရင်တုန်းကလည်း စစ်တပ်တွေကို တပ်ဆုတ်ခိုင်းကြောင်း ရုရှားက ပြောဆို ဖူးပေမယ့် လက်တွေ့မှာ မလုပ် ဆောင်တာတွေ ဖြစ်ခဲ့ဖူးတယ်လို့ နေတိုး မဟာမိတ်အုပ်စုက ပြောပါတယ်။
ယူကရိန်း သမ္မတကတော့ ယူကရိန်းအရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲရေး ဆက်လက်ရှိဖို့အတွက် ရုရှားက လုပ်ဆောင်ပေးဖို့ တောင်းဆိုဖို့ရှိသလို ဇွန်လကတည်းက ရုရှားက ဖြတ်တောက်ထားတဲ့ သဘာဝ ဓာတ်ငွေ့ ကိုလည်း ယူကရိန်းနိုင်ငံကို ပြန်လည် တင်ပို့ပေးဖို့ တောင်းဆိုဖို့ ရှိပါတယ်။
ABC
No comments:
Post a Comment