Wednesday, October 15, 2014

မန္တလေးပဋိပက္ခတွင် လူသတ်မှုစွဲချက်ဖြင့် လေးဦးအား ထောင်ဒဏ် ဆယ်နှစ်စီချမှတ်




ပြီးခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် မန္တ လေး အဓိကရုဏ်း ဖြစ်စဉ်တွင် ကိုစိုးမင်းထွေးအား သတ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူ လေးဦးအား အောက်တိုဘာ ၁၄ ရက်တွင်မန္တ လေးခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ်စီ ပြစ်ဒဏ်များ ချမှတ်လိုက်သည်။
မန္တလေးမြို့ခံ အသက် (၂၀)ကျော် အရွယ်များဖြစ်သည့် ဉာဏ်ဌေး၊ ကျော်ဇင်ထက် (ခ) ဖက်တီး၊ ကျော်မင်းထွန်း(ခ)ဘဲ တောနှင့် သံချောင်းတို့ကိုမန္တလေး ခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်၎င်းပြစ်ဒဏ် ချမှတ်မှုအတွက် ဆက်လက်အယူခံဝင်သွားမည်ဟု တရားခံများ၏ ရှေ့နေများက ပြောသည်။

‘‘လူသတ်မှု ကျူးလွန်တယ် လို့အမှန်တကယ် ပြစ်မှုမထင်ရှား ဘူး။ အဲဒီလူသတ်မှုဖြစ်တဲ့နေရာ မှာရှိနေတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ အားပေးကူညီမှုမြောက် တယ်ဆိုပြီး ပြစ်ဒဏ်ချတာပါ။ဒီ အမှုက မတရားခံရတာပါ။အယူခံ ဆက်တက်မယ်’’ ဟု တရားခံများ ဘက်မှ အခမဲ့ရှေ့နေလိုက်ပေးခဲ့ သည့် ဥပဒေအထောက်အကူပြု အဖွဲ့ခေါင်းဆောင် ဦးဇော်နိုင်က ပြောသည်။

မန္တလေး အဓိကရုဏ်း လူ သတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများ ကို သြဂုတ်လအတွင်းက တရားစွဲ တင်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်တစ် ပတ်နှစ်ကြိမ်ရုံးချိန်းစစ်ဆေးခဲ့ကာတရားလိုပြ သက်သေ နှစ်ဆယ် ခန့်ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အမိန့်ချမည့် အောက်တိုဘာ ၁၄ရက်တွင် မန္တလေးခရိုင်တရားရုံးသို့ မဘသအဖွဲ့ဝင် သံဃာတော်များ၊ မန္တလေး မြို့ခံအချို့နှင့် တရားခံတို့၏ မိသားစုဝင်များ လာရောက်နားထောင်သည်ကိုတွေ့ရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူကျော် ဇင်ထက်(ခ)ဖက်တီး၏ မိခင်ဖြစ် သူဒေါ်ဇင်မာအေးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်က လူ သတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် ၎င်း၏သားဖြစ်သူမှာ မတရားခံရခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့မှ တရား နည်းလမ်းတကျ ဆောင်ရွက်ပေး ရန်တစ်ကိုယ်တော်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံရသည့်အပေါ် တွင်လည်း ဆက်လက်အယူခံဝင် သွားမည်ဟု ဒေါ်ဇင်မာအေးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း က မန္တလေးမြို့တွင် ဘာသာ ရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများဖြစ် ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ လူနှစ် ဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းပဋိပက္ခဖြစ်စဉ်အတွင်း ဇူလိုင် ၃ရက် နံနက်က ကိုစိုးမင်းထွေး အသတ်ခံရမှုအတွက် ချမ်းအေးသာစံမြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့် ထားပြီး ဖမ်းဆီးရမိသူ လေးဦး၊ ထွက်ပြေးလွတ်မြောက် နေသူခြောက်ဦးရှိသည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ ထုတ်ပြန်ထားသည်။ 



ယင်းအမှုအတွက် ဖမ်းမိထားသူများကို ပြစ်ဒဏ်များ ချမှတ်ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း တရားခံပြေးအဖြစ်သတ် မှတ်ကာ ဖမ်းဆီးရမိရေးဆက် လက်ဆောင်ရွက်နေ သည်ဟုဆို သည်။

ထို့အတူ ဇူလိုင် ၂ရက်ညတွင်ကိုထွန်းထွန်းအုပ်စုဖွဲ့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရမှုနှင့် အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ မှုများအတွက် ချမ်းအေးသာစံမြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂၊ ၃၉၆၊ ၃၉၇နှင့် ၁၁၄ တို့ဖြင့်အမှုဖွင့်ခဲ့ပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးရမိသူခြောက်ဦး၊ ထွက်ပြေးလွတ်မြောက်နေသူခုနစ်ဦးရှိကာ မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာလကထုတ်ပြန်ခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List