Thursday, October 16, 2014

နတ်မောက်တွင် ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ထံ အကူအညီတောင်းခံ


လာမည့်နှစ်ဖေဖော်ဝါရီတွင် နတ်မောက်မြို့၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ ဖြစ်မြောက်ရေး အတွက် ဒေါ် အောင်ဆန်းစုကြည်ထံသွား ရောက်အကူ အညီတောင်းထား ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ် မြောက်ရေးကော်မတီထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မောင် တစ်ဝမ်းကွဲတော်စပ်သူ ဦးချို အောင်သန်း သည် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ဗိုလ်ချုပ်ရာပြည့်ပွဲပြုလုပ်မည့် အစီအစဉ်များကို အသိပေးခဲ့ပြီး အကူ အညီပေးရန် တင်ပြခဲ့သည်ဟု ဦးချိုအောင်သန်းကပြောသည်။

‘‘ကျွန်တော်တို့ လုပ်မယ့် အစီအစဉ်တွေ အားလုံးကို တင် ပြခဲ့ပါတယ်။ ပွဲကျင်းပနိုင်ဖို့က သူ့အကူအညီလို ပါတယ်။ အစ်မ ဆီကတော့ ပြန်အကြောင်း မကြားသေးဘူး’’ဟု ၎င်းကဆိုသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်း၏ ရာပြည့်ပွဲကို မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့၌ ကျပ်သိန်း တစ်ထောင်ကျော် အကုန်အကျခံကာ ကျင်းပမည်ဖြစ် သည်။ အဆိုပါပွဲတွင် ဒေါ်အောင် ဆန်းစုကြည်အား မိန့်ခွန်းပြော ကြားပေးရန်နှင့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်း အခမ်းအနားများကို တက်ရောက်ရန် ဖိတ်ကြားမည် ဟု ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ်မြောက် ရေးကော် မတီထံမှ သိရသည်။

‘‘ကျွန်တော်တို့ ဗိုလ်ချုပ်ရာ ပြည့်ပွဲကို ဗိုလ်ချုပ်သမီး ဒေါ် အောင်ဆန်းစုကြည်က နတ် မောက်မှာ မိန့်ခွန်းပြော ဖို့ ဖိတ်ကြားမှာပါ။ နောက်ရာပြည့်ပွဲဖြစ် မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကူအညီလည်းအများကြီး လိုပါတယ်’’ဟု ဗိုလ်ချုပ်ရာပြည့်ပွဲ ဖြစ်မြောက်ရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးဇော်မင်းက ပြောသည်။ 
ယခုလ ၁၈ ရက်တွင်ဗိုလ်ချုပ်ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီသည် ရာပြည့်ပွဲကျင်းပ ရေးအတွက် သက်ဆိုင်ရာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး အစိုးရအဖွဲ့ကလည်း ပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးရန်ရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကို ခုနစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ်နှင့် မိသားစု၏ အသုံးအဆောင် ပစ္စည်းများ၊ သမိုင်းဝင်အထောက်အထားစာရွက်စာတမ်းများ၊ ဓာတ်ပုံမြေပုံများ၊ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် နေရာ၊ ဒေသ၊ အဆောက် အအုံများ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ်အကြောင်းရေးသားထုတ်ဝေ သည့် စာအုပ်များ၊ ရိုက်ကူးထားသည့် ရုပ်ရှင်များကို စုဆောင်းရှာဖွေပြသမည်ဖြစ်သည်။


7Day Daily

No comments:

Post a Comment

My Blog List