Wednesday, October 15, 2014

တရုတ်နိုင်ငံအတွက် သူလျိုလုပ်ပေးမှုဖြင့် ထိုင်ဝမ်အငြိမ်းစားဗိုလ်မှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်


ထိုင်ဝမ်စစ်တပ်မှ အငြိမ်းစားဗိုလ်မှူး ချန်ရှုလန်းသည်  တရုတ်နိုင်ငံအတွက် သူလျိုလုပ်ပေးခဲ့ကြောင်း သက်သေအထောက်အထားများကိုတွေ့ရှိ ခဲ့ပြီးနောက် ထိုင်ဝမ် တရားရုံးချုပ်က အောက်တိုဘာ၁၃ရက် တွင် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ကြောင်း အရာရှိများကပြောကြားသည်။

အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ခဲ့ဖူးသူ ချန်ရှုလန်းသည်  ၂၀၀၆ ခုနှစ်က တရုတ် ထောက်လှမ်းရေး အဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ ရကြောင်းတရားရုံးချုပ်က စီရင်ချက်တွင်ပြောကြားခဲ့ သည်။ ချန်သည် ၂၀၀၇ ခုနှစ်က ရှန်ဟိုင်းတွင် လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ဖြားယောင်းမခံရမီ ၎င်းနှင့် အတူအလုပ်လုပ်သော လုပ်ဖော်ကိုင်ဖက်သည် ဂျပန်နိုင်ငံတွင် သံတမန်တစ်ဦးအဖြစ် အချိန်ကြာလုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းက ပြည်မကြီးအာဏာပိုင်များကိုပြောကြားခဲ့ကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် သံတမန်ကို တရုတ်ထောက်လှမ်းရေးအရာရှိများက ဖမ်းဆီးခဲ့ပြီး ဂျပန်ရှိ ၎င်း၏အလုပ်နှင့်ပတ် သက်၍သုံးရက်ကြာမေး ခွန်းများမေးမြန်းခဲ့သည့် အပြင် ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီတွင် ပါဝင် သောသူများ၏ အသေးစိတ်အချက် လက်များကိုလည်းမေးမြန်းခဲ့ကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်တရားရုံးချုပ်က ၂၀၁၃ခုနှစ်အောက်တိုဘာလတွင် ချန်ကို ထောင်ဒဏ် ရှစ်နှစ်ကျခံရန် အမိန့်ချမှတ် ခဲ့သော်လည်း ယခုနှစ် ဇူလိုင်လက ၎င်း၏အယူခံဝင် မှုကြောင့် ထောင်ဒဏ်ငါးနှစ်ကျခံရန် ပြစ်ဒဏ်လျော့ ချပေးခဲ့သည်။

ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ခဲ့သည့် ၁၉၄၉ခုနှစ်တွင် ထိုင်ဝမ်နှင့်တရုတ်တို့ခွဲ ထွက်မှုများဖြစ်ပွားခဲ့ သည့်အချိန်မှစ၍ တစ်ဘက်နှင့်တစ်ဘက် သည် ထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိသည်။ .

၂၀၁၃ခုနှစ် စက်တင်ဘာလက ရေတပ်မှ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးကို တရုတ်နိုင်ငံအတွက် စစ်ဘက် ဆိုင်ရာ သတင်းများ စုဆောင်းပေးမှုအတွက် ထောင်ဒဏ် ၁၄လချမှတ်ခဲ့သည်။ယင်းဖြစ်ရပ်သည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး တရုတ်နိုင်ငံသို့ လျို့ဝှက် သတင်းများပေးခဲ့သည့်ဖြစ်ရပ်ဖြစ်ပွား ခဲ့ပြီးနောက် လပေါင်းများစွာအကြာတွင်ဖြစ်ပွားခဲ့သည်။

၂၀၁၁ခုနှစ်ကလည်း စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူကို လည်း  တရုတ်နိုင်ငံအတွက် သူလျိုလုပ်ပေး မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List