Tuesday, October 14, 2014

ပူပူနွေးနွေး နိုဘယ်ဆုရ သိပ္ပံပညာရှင်အား ဗြိတိန်အစိုးရ သတိပေး


ပူပူနွေးနွေးနိုဘယ်ဆုရ သိပ္ပံပညာရှင် ဂျွန်အိုကီးဖီးသည် ဗြိတိန် လူဝင်မှု ကြီး ကြပ်ရေး မူဝါဒ စည်းဘောင် ကိုကျော်လွန်သဖြင့် သတိပေးခြင်း ခံရကြောင်း သိရသည်။ဂျွန်အိုကီးဖီး လက်ရှိ ပြုလုပ်နေသော တိရစ္ဆာန် များအား သုတေသနပြုခြင်းသည် ဗြိတိန်နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် ငြိစွန်းနေသလို ဗြိတိန်နိုင်ငံ ၏ သိပ္ပံပညာရပ်ဆိုင်ရာ တည်ဆဲစည်းမျဉ်း စည်းကမ်းများ၏ စည်းဘောင်မှလည်း ကျော်လွန် နေခြင်းကြောင့် အစိုးရက ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

”အင်မတန်မှ ကို ကြီးမားလှတဲ့ အဟန့်အတားကြီး တစ်ခုပါပဲ” ဟု မစ္စတာ ဂျွန်အိုကီးဖီး က ပြောပါသည်။ သို့ရာတွင် ဗြိတိန်နိုင်ငံ၏ သိပ္ပံပညာရပ် ဆိုင်ရာ တည်ဆဲ စည်းမျဉ်း စည်းကမ်းများ အရမူ တိရစ္ဆာန်များအား အသက် ဆုံးရှုံးစေ သော စမ်းသပ်မှု များကို တားမြစ် ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသား ပါမောက္ခ ဂျွန်အိုကီးဖီးသည် ၂ဝ၁၄ ခုနှစ်အတွက် ဇီဝကမ္မဗေဒ ဆိုင်ရာနိုဘယ်ဆုကို အခြား သိပ္ပံပညာရှင် နှစ်ဦးနှင့် တွဲဖက်၍ ရရှိခဲ့ ခြင်းဖြစ်ပြီး ထိုသို့ နိုဘယ်ဆု ရရှိခြင်းကို အောက်တိုဘာ ၆ ရက်နေ့ ကမှ ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ဆုချီးမြှင့်ချိန် ဝယ် ဂျွန်အိုကီးဖီးသည် အသက် ၇၄ နှစ်ရှိနေပြီ ဖြစ်သည်။

သတ္တဝါ တို့၏ ဦးနှောက် အတွင်းဝယ် နေရာဒေသကို ညွှန်ပြနေသည့် GPS စနစ်တစ်မျိုး ရှိနေကြောင်းကို သုတေသနပြု ဖော်ထုတ်နိုင် ခဲ့သောကြောင့် ယခု နှစ်အတွက် ဇီဝကမ္မဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

Popular Myanmar News Journal 

No comments:

Post a Comment

My Blog List