Wednesday, October 15, 2014

လုပ်သားနှစ်ဦးမိဘများ လုံခြုံရေး မြန်မာသံရုံးစီစဉ်ပေးမည်


ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိသားစုဝင်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလုံခြုံရေးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အနည်းဆုံးတစ်လကြာနေ ထိုင်သွားမည်ဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

ဖမ်းဆီးခံရသော မြန်မာလုပ် သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများ တွေ့ဆုံခွင့်ရလျှင် အမှုတစ်စုံတစ်ရာ ထူးခြား မှုရှိနိုင်သည်ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငှားရမ်းထားသော ထိုင်းရှေ့နေနှစ်ဦးက အကြံပြုထား သည်။ ထိုသို့ အ ကြံပြုသောကြောင့် မြန်မာသံရုံး အထူးအဖွဲ့က ၎င်းတို့၏ မိဘများ ကို ခေါ်ဆောင်လိုက်ရာ မြန်မာ လုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့သွားရောက်ရန်အ တွက် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့သွားရောက်မည့် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏မိဘများနှင့် ၎င်းတို့ကိုလာရောက်ခေါ်ဆောင်
သော မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်တို့က ထိုင်းနိုင်ငံသို့ မသွားရောက်ခင် အောက်တိုဘာ ၁၄ ရက်က သ တင်းစာရှင်းလင်းပွဲပြုလုပ်ရာ ဦး ထူးချစ်က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

‘‘သူတို့လုံခြုံရေးအတွက် မြန်မာသံရုံးရဲ့ စောင့်ရှောက်မှု အောက်မှာထားမယ်။ သူတို့ဟိုမှာနေထိုင်ဖို့က သူတို့သားတွေနဲ့ တွေ့ဆုံခွင့်ရမယ့်အပေါ်မှာ မူတည်ပါ တယ်။ တစ်ပတ်တစ်ခါတွေ့ရတာတွေ ဘာတွေရှိ ပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတစ်လလောက်တော့ ထားမှာပါ’’ဟု ၎င်းက  ပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ ယခုအပတ်အတွင်း သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

မြန်မာသံရုံးအထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးနှင့် တွေ့ဆုံစဉ် ၎င်းတို့နှစ်ဦး၏ ပြော စကားများသည် မှုခင်းကျူးလွန် သည်ဟု လက်ခံနိုင်ရန် သံသယ ဖြစ်ဖွယ်ရာများ ရှိခြင်း၊ တစ်စုံ တစ်ခုကြောက်ရွံ့နေခြင်း စသည် တို့တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ခို တောင်ကျွန်းရှိ မျက်မြင်သက်သေများအား မေးမြန်းစဉ်နှင့် ထိုင်း
အစိုးရသက်သေအား မေးမြန်းစဉ် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးမှာ လူသတ်တရားခံများမဖြစ်နိုင်ကြောင်း ဆိုကြသည်ဟု မြန်မာ သံရုံးအထူးအဖွဲ့က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List