Wednesday, October 15, 2014

ဖြူနှင်းထွေးလွတ်ပြီ


တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးထိန်းသိမ်း ခံရသည့် ဗကသကျောင်းသူ ဖြူနှင်းထွေးမှာ ယနေ့ (အောက်တိုဘာ ၁၅ရက်) ရုံးချိန်းတွင် လွတ်မြောက်လာပြီ ဖြစ်သည်။ ဖြူနှင်းထွေးအား ယနေ့ မန္တလေးသို့ ပြန်နိုင်ရန် သက်ဆိုင်ရာက ကားစီစဉ်ပေးနေသည်ဟုလည်း မုံရွာမြို့ခံ က သတင်းပေး ပို့သည်။ 

ယင်းအပြင် မုံရွာမြို့နယ်၌ ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း သိရသည်။ 

ဗကသအဖွဲ့ဝင် မန္တလေးတက္ကသိုလ် (ရတနာပုံဌာနခွဲ) ဒုတိယနှစ် မြန်မာစာ အဝေးသင်ကျောင်းသူ မဖြူနှင်းထွေးကို တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲသည်ဟုဆိုကာ ပြန်ပေးပုဒ်မများဖြစ်သည့် ပုဒ်မ ၃၆၄/ ၃၆၈ တို့ဖြင့် စွဲဆိုကာ စက်တင်ဘာ ၁၃ရက်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သူမအား စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တရားရုံးတွင် လေးကြိမ်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အယူခံတင် မှုကို သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ပြီး နှစ်ရက်အကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။ 

Mizzima - News in Burmese

No comments:

Post a Comment

My Blog List