Thursday, October 16, 2014

မြန်မာ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တပ်မတော်က ခိုင်ခိုင်မာမာရပ် တည်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော



အနာဂတ် မြန်မာနိုင်ငံဒီမိုက ရေစီရှင်သန်ဖွံ့ဖြိုးရေးတွင် တပ်မတော်က ခိုင်မာစွာရပ်တည်ပြီး ရှေ့ဆက်လုပ် ဆောင်သွား မည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က အောက်တိုဘာ ၁၄ ရက် မြန်မာစာနယ် ဇင်းကောင်စီ (ယာယီ)နှင့်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ်တွင် မီဒီယာများနှင့်ထိတွေ့မှုများ ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ် အဆင့်ရှိ တပ်မတော်အရာရှိ သုံးဦးကို မီဒီယာဆက်ဆံရေးတာဝန်ခံ များ ခန့်အပ်သွားမည်ဟု ဆိုသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ် နှင့် စာနယ်ဇင်းကောင်စီတွေ့ဆုံပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ စာနယ်ဇင်း ကောင် စီအဖွဲ့ဝင် ဦးသီဟစောက



''ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ ကျွန်တော်တို့ တွေ့ဆုံတဲ့ အချိန်မှာ ကာချုပ်ကြီးဟာ ဒီမိုကရေစီ စနစ်ကို သူယုံကြည်တဲ့ အကြောင်း၊ အ နာဂတ် မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ် စဉ် တိုးတက်အောင် ခိုင်ခိုင်မာမာ ပူး ပေါင်းဆောင်ရွက်သွားမယ့် အကြောင်း နိုင်ငံအနေနဲ့ ရှေ့ဆက်သွားမယ့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝထောက် ခံသွားမယ့် အကြောင်း ကျွန်တော်တို့ကို ကတိကဝတ်ပြုခဲ့ပါတယ်ဟု''ဟု ရန်ကုန် တိုင်းမ် ဂျာနယ်သို့ ပြောကြားခဲ့သည်။ 

ထို့ပြင် တပ်မတော်နှင့် မီဒီယာ ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန်အ တွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာ ရှိချုပ် ဗိုလ်ချုပ်စိုးနိုင်ဝင်းနှင့် တပ်မတော် ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းတို့ကို တာဝန်ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာစာ နယ်ဇင်းကောင်စီ(ယာယီ)မှ ဒုဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ အတွင်း ရေးမှူးဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်း ရေးမှူး ဒေါ်နန်းကလျာဝင်း၊ ကောင်စီ ဝင်များဖြစ်ကြသော ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးသီဟစော၊ ဦးရဲ မင်းဦး၊ ဦးဇော်သက်ထွေးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List