Tuesday, October 14, 2014

၂ဝ၁၅ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းပြုစုခြင်းကို အဆင့်သုံးဆင့်ဖြင့် ပြုလုပ်မည်


၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲစာရင်းပြုစုခြင်းကို အဆင့်သုံး ဆင့်ဖြင့် ခွဲခြားပြုလုပ်သွားမည် ဖြစ်ပြီး ပထမအဆင့်တွင် မြို့နယ် ပေါင်း ၄၁မြို့နယ်၌ မဲစာရင်းပြုစု ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ယင်းနှင့်ပတ်သက်၍ နေပြည် တော်တွင် အောက်တိုဘာ၁၃ရက် နေ့ကပြု လုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့ မဲစာရင်းပြုစုခြင်းဆိုင်ရာ ရှင်းလင်းခြင်းနှင့် ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းများညှိနှိုင်းအစည်း အဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မဲစာရင်းပြုစုရန် ပထမအဆင့် ကို နိုဝင်ဘာလမှ ဇန်နဝါရီလအထိ၊ ဒုတိယအဆင့်ကို ဒီဇင်ဘာလမှ ၂ဝ၁၅ ခုနှစ် မတ်လအထိနှင့်တတိယ အဆင့်ကို ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ လက မေလအထိလည်းကောင်း ပြုလုပ် သွားမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ''ပထမဆုံးအနေနဲ့ ရန်ကုန်တိုင်း အတွင်းက ၁ဝမြို့နယ်မှာ စလုပ်မယ်။ နိုဝင်ဘာလကုန်လောက်မှာ စဖြစ်ဖို့ များတယ်။ ပြီးမှတစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ တစ်ပြည်လုံးပါသွား မယ်ပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူ တာဖြင့် ပြုစုခြင်းလုပ်ငန်းစတင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ၁ဝမြို့နယ်တွင် မဲစာရင်းများ ကိုကွန်ပျူတာဖြင့် စာရင်းသွင်းရန်အတွက် သင်တန်းများပေးသွားမည်ဖြစ်သည်။

ပထမအဆင့်သုံးလတွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ပေါင်း ၄၁မြို့နယ် ဆောင်ရွက်သွား မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး က ၁၄မြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးက ၁၅မြို့နယ်၊ နေပြည်တော် တွင် ၆ မြို့နယ်နှင့် ရှမ်းပြည်နယ်တောင် ပိုင်းက ၆ မြို့နယ်ပါဝင်မည်ဖြစ် ကြောင်းသိရသည်။

မဲစာရင်းပြုစုမည့်မြို့နယ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် အလိုက်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ညှိနှိုင်းတိုင်ပင် ရွေးချယ်သွားမည်ဖြစ်ကာ ပထမအဆင့်မှ ရရှိသောအချက်အလက် များပေါ် မူတည်၍ ဒုတိယနှင့် တတိယအဆင့်များတွင် ဆောင်ရွက် ရမည့် ပြည်နယ်နှင့်တိုင်းများကိုရွေး ချယ်သွားမည် ဖြစ်သည်။

SYMZ
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List