Wednesday, October 15, 2014

ဦးသိန်းစိန် အစိုးရလက်ထက် ခြောက်ရာခိုင်နှုန်းသာ လျှပ်စစ်တိုးဖြန့်နိုင်



သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ နိုင်ငံအတွင်း အိမ်ထောင်စု စုစုပေါင်း၏ ခြောက်ရာခိုင်နှုန်း (အိမ်ထောင်စု ၆၆,၀၀၀) ကိုသာ ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အချက်အလက်များက ဆိုသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကျော်သာ လျှပ်စစ်မီးသုံးစွဲနေနိုင် သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနစာရင်းများက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ထောင်စုပေါင်း ၁၁ သန်း၏ ၂၇ရာခိုင်နှုန်း (အိမ်ထောင်စု ၂,၉၇,၀၀၀)အထိ ၂၀၁၀ပြည့်နှစ် မတိုင်မီ လျှပ်စစ်ဓာတ်အားရရှိနေ ပြီး ယင်းနောက်လေးနှစ်ကျော်အတွင်း ယင်းပမာဏသာ တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ် သည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးကမူ လက် ရှိအစိုးရ လက်ကျန်သက်တမ်းကာလ ၂၀၁၅-၁၆ဘဏ္ဍာ နှစ်တွင် အိမ်ထောင်စု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်မည်ဟု အောက်တိုဘာ ၁၃ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်တွေမြို့ တွင် တွေ့ဆုံစဉ် ပြောသည်။

ထို့ပြင် ၂၀၃၀ပြည့်နှစ်အရောက် နိုင်ငံအနှံ့ ဒေသအားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် စီစဉ်နေသည် ဟု ၎င်းင်းက ဆိုသည်။ လတ်တလော ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အား ကို ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၅ရုံ၊ ဓာတ်

ဓာတ်ငွေ့သုံး စက်ရုံ ၁၇ရုံ နှင့် ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံ စုစု ပေါင်း ၄၃ရုံတို့မှ စုစုပေါင်း ဓါတ်အား ၄,၉၈၇ မဂ၀ပ် ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ၀န်ကြီးဌာန စာရင်းများက ဆိုသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းကမူ တစ်နိုင်ငံလုံး လက်ရှိသုံးစွဲနေသည့် မဂ္ဂ၀ပ်သည် ၁,၈၀၀မှ ၁,၉၀၀ ၀န်းကျင်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် စုစုပေါင်းထုတ် လုပ်နေသည့် မဂ္ဂါဝပ်အရပိုလျှံနေသော ၆၂ ရာခိုင်နှုန်းခန့်ကို မည်သို့အသုံးပြုနေ သည်ဆိုခြင်းကိုမူ လျှပ်စစ်စွမ်း အားဝန် ကြီးဌာနက အတည်ပြုပြောဆိုခြင်းရှိပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List