နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က အထက်တန်းကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲ ထားတာ ၆ လ ကြာတဲ့အထိ အစအန ပျောက်နေတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ဆန္ဒပြ သမား ၆၀ ကျော်ဟာ သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြကြပါတယ်။
မိန်းကလေးတွေကို ပြန်ပို့ပေးပါ။ “Bring Back Our Girls” စာတမ်းပါ တီရှပ်တွေ ၀တ်ထားတဲ့ ဆန္ဒပြသမား
တွေဟာ ရဲဝန်ထမ်း ၁၅၀ ကျော် စောင့်နေတဲ့ ရှေ့မှာ ဆန္ဒပြကြပါတယ်။
သမ္မတ ဂွတ်လခ် ဂျွန်နသန်က သူရဲ့ မြေနဲ့အိုးအိမ်ရေးရာဝန်ကြီးကို စေလွှတ်ပြီး ဆန္ဒပြသမားတွေနဲ့ တွေ့ဆုံ
စေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ အစ္စလာမ္မစ် ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ငံအရှေ့မြောက်ဒေ သ အစွန်အဖျားမှာ ရှိတဲ့ ချီဘွခ်ရွာ အထက်တန်းကျောင်းကို ၀င်စီးပြီး ကျောင်းသူ ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့တာပါ။
တချို့ ပြန်လွှတ်လာပြီး ကျောင်းသူ ၂၀၀ ကျော်ဟာ အခုအထိ အဖမ်းခံထားရတာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment