Friday, October 17, 2014

ပြည်တွင်းကျောက်စိမ်း၊ ကျောက်မျက်ပြပွဲ ကုန်သည် ၃,၀၀၀ ကျော် လာရောက်


ပြည်တွင်းကုန်သည်များအတွက် ရည်ရွယ်ပြုလုပ်သည့် ကျောက်စိမ်း၊ ကျောက်မျက်ပြပွဲတွင် ပြည်တွင်းကုန် သည် သုံး ထောင်ကျော် လာရောက်လေ့လာ ၀ယ်ယူလျက်ရှိကြောင်း ပြပွဲကျင်း ပရေးကော်မတီက သတင်း ထုတ် ပြန်သည်။

အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ နေပြည်တော်မဏိ ရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ် လျက်ရှိသည့် အဆိုပါ ပြပွဲတွင် ကျောက်စိမ်း၊ကျောက် မျက်အတွဲပေါင်း ခုနစ်ထောင် ကျော်ပြသရောင်းချ လျက်ရှိပြီး အောက်တိုဘာ ၁၆ ရက်တွင်စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြပွဲကျင်းပရေးကော်မတီက ယခင်ပြပွဲများတွင် သတ်မှတ်ခဲ့ သည့် စည်းကမ်းအချို့ကို ပြင်ဆင်ထားပြီး ပြပွဲ၌ ကျောက်မျက်ဝယ်ယူမည့် ကုန်သည်များအနေဖြင့် မိမိဝယ်ယူလိုသည့် ပမာဏကို ခန့်မှန်းတွက်ချက်ကာ တန်ဖိုး၏ ငါးရာခိုင်နှုန်းကို အာမခံစပေါ် ငွေ (Deposit) ကြိုတင်ပေးသွင်းထားရမည် ဖြစ်သည်။

‘‘ပွဲထဲမှာ ပြည်တွင်း ကုန် သည်အချင်းချင်းဆိုတော့ ၀ယ်ရတာ အဆင်ပြေနိုင်မယ်။ အရင်ပြ ပွဲတွေက တရုတ်ကုန်သည်တွေနဲ့ လုဝယ်နေရတာ’’ဟု အဆိုပါပြပွဲသို့ ရောက်ရှိနေသည့် ဖားကန့်မှ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် အရိုင်းထည်များကို တရုတ်ကုန်သည်များလက်ထဲသို့ တိုက်ရိုက်ရောင်းချမည့် လုပ်ငန်း ရှင်များထက် ပြည်တွင်း၌ အချောထည်အဖြစ် ပြန်လည်အသုံးပြုရန် လာရောက်လေ့လာဝယ်ယူမည့် ကုန်သည်များပြား နိုင်ကြောင်း အထက်ပါလုပ်ငန်းရှင်က ခန့်မှန်း သည်။

 ပြပွဲတွင်  ကျောက်စိမ်း၊ကျောက်မျက် အတွဲပေါင်း ခုနစ် ထောင်ကျော် တင်ပြရောင်းချ ထားပြီး အစိုးရက နောက်ပိုင်းတွင်ထပ်မံပြုလုပ်မည့် ပြပွဲများတွင် အချောထည် ဈေးကွက်အောင် မြင်စေရန် အကြမ်းထည်များ ကို လျှော့ချပြသမည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်တွင်း ကုန်သည်များအတွက်သာ ရည်ရွယ် ပြုလုပ်သည့် ပြပွဲကို ပြီးခဲ့သည့် ဇန်န၀ါရီ ပထမပတ်က ကျင်းပခဲ့ ပြီး ပြည်တွင်းအဆင့်နိမ့်အသား ကျောက် ကျောက်မျက်ရိုင်းအတွဲ ပေါင်း နှစ်ထောင်ကျော်ကို ပြသခဲ့သည်။

7day

No comments:

Post a Comment

My Blog List