Wednesday, October 15, 2014

ပယ်ချခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏အမှုကို ထိုင်းရဲတပ်ဖွဲ့ ယနေ့ အမှုတွဲပြန်တင်မည် ဟုဆို


ထိုင်း ရှေ့နေချုပ်ရုံးမှ အချက်အလက်မစုံ ခြင်းကြောင့် ပယ်ချခံခဲ့ရသည့် ဗြိတိန် စုံတွဲကိုသတ်သည်ဟု စွပ်စွဲ ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှုကို ထိုင်းရဲတပ်ဖွဲ့ က အောက်တိုဘာ ၁၅ရက်တွင် အမှုတွဲပြန်လည် တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် FED မှ သိရသည်။

ယင်းအမှုကို ရှေ့နေချုပ်ရုံးသို့ ပြန်လည်မတင်မီ အောက်တိုဘာ ၁၄ရက်တွင် ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင် ကော့စမွီတရားရုံးတွင်လည်း ထိုင်း အစိုးရ ဥပဒေအဖွဲ့မှ တရားလို ပြသက်သေအဖြစ် မြန်မာအလုပ်သ မားသုံးဦးကို ကြိုတင်သက်သေထွက် ဆိုခိုင်းကြောင်း၊ ထိုင်းအစိုးရတရား လိုပြသက်သေအဖြစ် မြန်မာရွှေ့ ပြောင်းအလုပ်သမား မောင်မောင်၊ အောင်ဇော်လင်းနှင့် နီနီအောင်ဆို သူတို့ဖြစ်ကြောင်း (FED)မှ အမှု ဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ဦးထူးချစ်က ''အခုထိတော့ တရားရုံးက စစ်ချက်ယူနေတာ မပြီး သေးဘူးလို့ ကြားပါတယ်။ ဒီအမှု ကိုလဲ ထိုင်းရှေ့နေချုပ်ရုံးက အမှု အချက်အလက်တွေမစုံလို့ ပယ်ချခဲ့ပြီး ပြန်ရေးပြီး တင်ခိုင်းခဲ့တာပါ။ လက်မခံ ခဲ့တာ မဟုတ်ပါဘူး။ အဲဒါကို ထိုင်းရဲ က အမှုအချက်အလက်ကို ပြန်ရေးပြီး မနက်ဖြန် ပြန်တင်မှာပါ။ ဒီအမှုကို မြန်မာကိုယ်စားလှယ်အဖွဲ့ ရှေ့နေ က အဓိကလိုက်ဆောင်ရွက်နေပါတယ်''ဟု အောက်တိုဘာ ၁၄ရက် ညနေ ၃နာရီခန့်တွင် ပြောသည်။

ယင်းဗြိတိန်စုံတွဲ အသတ်ခံရ သည့်အမှုတွင် (DNA)စစ်ဆေးချက် တူညီသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ကမ္ဘာ သို့ ကြေညာထားသော်လည်း မှုခင်း ဆရာဝန်၏ ဆေးစစ်ချက်မပါခြင်း စသည့် အချက်အလက် အထောက် အထား မစုံလင်သည့်အတွက် ထိုင်း ရှေ့နေချုပ်ရုံးမှ လက်မခံခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ထိုင်း အစိုးရသက်သေအဖြစ် မြန်မာရွှေ့ ပြောင်း အလုပ်သမားသုံးဦးကို ကြို တင်စစ်ချက် မယူရန် အစီအစဉ်ကို ဆိုင်းငံ့ထားပေးရန် တရားခံရှေ့နေ များ လျှောက်လဲချက် ပေးခဲ့သော် လည်း တရားရုံးမှ လက်မခံဘဲပယ်ချ ခဲ့ကြောင်း ယင်းအပြင် တရားခံရှေ့နေ များက အမှုပြင်ဆင်သည့်ရက် တို တောင်းလွန်းသည့်အတွက် ရက်တိုး ပေးရန် လျှောက်ထားရာတွင်လည်း တရားရုံးက ခွင့်မပြုခဲ့ကြောင်း၊ ယခု စစ်ချက်ယူခြင်းဖြစ်ကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ သိရသည်။

ZCH
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List