Monday, October 13, 2014

ယူရို ၂၀၁၆ ခြေစစ်ပွဲ စပိန်၊ အင်္ဂလန်နှင့်ဆွီဒင်အသင်းတို့ အနိုင်ရ


အောက်တိုဘာ ၁၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက စပိန်၊ အင်္ဂလန်နဲ့ ဆွီဒင်တို့ အနိုင်ရသွားပါတယ်။ စပိန်က အဝေးကွင်းမှာ လူဇင်ဘော့ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ပြီးခဲ့တဲ့ တပတ် ခြေစစ်ပွဲစဉ်မှာ စလိုဗက်ကီးယားကို ရှုံးထားပေမယ့်လည်း ဒီပွဲမှာ စပိန်အသင်း သက်တောင့်သက်သာနဲ့ အနိုင်ရသွားတာပါ။

ဂိုးတွေကို ဆေးဗား၊ ဂါစီယာ၊ ကော်စတာနဲ့  ဘာနတ်တို့က သွင်းယူပါတယ်။

နာမည်ကြီး အင်္ဂလန်အသင်းဟာလည်း အဝေးကွင်းမှာ အက်စတိုးနီးယားကို တိုက်စစ်မှူး ရွန်နီရဲ့ တလုံး တည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။

ဒီဂိုးကို ရွန်နီက ဖရီးကစ်ကနေ သွင်းယူတာ ဖြစ်ပြီး သူ့ရဲ့ ၄၃ ဂိုးမြောက် နိုင်ငံတကာ ဂိုးလည်း ဖြစ်ပါတယ်။

အုပ်စု (အီး) မှာ ပါဝင်နေတဲ့ အင်္ဂလန်ဟာ ခြေစစ်ပွဲ ၃ ပွဲမှာ ၃ ပွဲစလုံးနိုင်ပြီး လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ကျန်ပွဲစဉ်တွေမှာတော့ ယူကရိန်းက မက်ဆီဒိုးနီးယားကို ၁ ဂိုး ဂိုးမရှိ၊ ဆွီဒင်က လက်ချင်စတန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရုရှားကတော့ မော်ဒိုဗာနဲ့ တဂိုးစီ သရေကျသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List