Wednesday, October 15, 2014

တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်


SSPP/SSA တပ်များ တန့်ယန်းမြို့မှ ဆုတ်ခွာရန် အစိုးရဘက်က  အကြောင်းကြားခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တွေ့ဆုံကန့်ကွက်သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။

ဝပြည်သွေးစည်းညီညွတ် ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက် ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွား ရန် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ် ဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

UPWC နှင့် သီးသန့်တွေ့ ဆုံရန် နှစ်ဖက်စလုံးမှ ပြင်ဆင်နေ ကြပြီး နေရာနှင့် အချိန်ကိုမူ လော လောဆယ်
ပြော၍ မရနိုင်သေး ကြောင်း SSPP/SSA တာဝန်ရှိ သူများက ဆိုသည်။ မကြာသေး မီရက်ပိုင်းကလည်း ကျေးသီးမြို့ နယ်၊ ၀မ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်စခန်းရှိ SSA တပ်များကို အစိုးရဘက်က ဆုတ်ခွာ ခိုင်းရာမှစတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စများသည် လက်ရှိဆောင်ရွက်နေ သော အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ပြုလုပ်နေမှု၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေမှုတို့ကို ထိခိုက်စေ ကြောင်း စ၀်ခွန်ဆိုင်းက ဆက်လက်ပြောသည်။

‘‘စစ်ပွဲဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးအရ တန်းတူမျှတစွာ စားပွဲဝိုင်းမှာ ထိုင်အဖြေရှာရမှာ ဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့ပြင် အစိုးရဘက်က ဆုတ်ခွာခိုင်းသော အဆိုပါဒေသမှာ တောတွင်း တပ်စခန်းများသာ တည်ရှိပြီး ၎င်းတို့နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော နယ် မြေများဖြစ်ကြောင်း စ၀်ခွန်ဆိုင်း က ပြောသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA)သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၂ ဇန်န၀ါရီလက လက်မှတ်ရေးထိုးထားပြီး အင်အား ၄,၀၀၀ ကျော်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List