Friday, October 17, 2014

သမ္မတရုံအနီးနှင့် ဘူတာကြီး ဝန်းကျင်ရန်ပွဲကို အမှုဖွင့်ဆောင်ရွက်နေ၊ ပြစ်မှု ကျူးလွန်သူများ အသုံးပြုခဲ့သည့် ဆူဇူကီးအဖြူရောင် ကားနံပါတ်ကို သဲလွန်စ ရထားဟုဆို


သမ္မတ ရုံအနီးနှင့် ဘူတာကြီးဝန်းကျင်တွင် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုဖြစ်ရပ်နှင့် ပတ်သက်ပြီး အမှုဖွင့်ဆောင် ရွက်နေကာ ပြစ်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့်ဆူဇူကီးအဖြူရောင်ကားနံပါတ်ကို သဲလွန်စရရှိထား ပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းဦးက ဒီမိုကရေစီတူ ဒေးသို့ပြောသည်။

ယင်း နှစ်ဘက်ဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရမှု အနေအထားမှာ နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ခေါင်းကွဲ ဒဏ်ရာ ရပြီးနောက် တစ်ဦးမှာ လက် ကောက်ဝတ်ပြတ်ရှဓားဒဏ်ရာရရှိ ထားကြောင်း သိရသည်။

ဒုရဲမှူးသန်းဦးက ''ဒဂုံနဲ့မင်္ဂလာတောင်ညွန့်ရဲစခန်းနှစ်ခုစလုံးမှာ အမှုဖွင့်ထားပါပြီ။ အခုပြစ်မှုကျူးလွန်သူတွေ ရဲ့ သဲလွန်စကားနံပါတ်ကိုတော့ ရထားလို့စုံစမ်းနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်အောင် လုပ်ဆောင် နေပါတယ်။ ပုလင်းနဲ့ခေါင်းရိုက်ခံရတဲ့ သူက သမ္မတရုံရှေ့မှာဖြစ်တာ။အဲဒါ ကို ဒဂုံရဲစခန်းက အမှုဖွင့်တယ်။လက်ကောက်ဝတ်မှာ ဓားဒဏ်ရာရ တဲ့ သူကျတော့မင်္ဂလာတောင်ညွန့်ရဲ စခန်းမှာ အမှုဖွင့်ထားပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး''ဟု ပြော သည်။

သမ္မတရုပ်ရှင်ရုံရှေ့တွင် ဆေး လိပ် ကွမ်းယာရောင်းချနေသည့် မျက် မြင်ကြုံတွေ့ သူတစ်ဦးက ''ရန်ပွဲက နှစ်နာရီနီးပါးလောက်ကြာတယ်။ကိုယ်ပိုင်ယာဉ်နဲ့ လာတဲ့သူကစုစု ပေါင်း ခြောက်ယောက်။ ကားသမား အပါအဝင်ပေါ့။သိရတာ ကတော့ကား အရမ်းမောင်းလို့ ဆိုက်ကားသမား တွေ စပြောရာကနေ ရန်ဖြစ်ကြ တာလို့ သိရတယ်။ ရန်ဖြစ်တာက သမ္မတ ရုံရှေ့မှာ တစ်ခေါက်ဖြစ်တယ်။ ရန် ကုန်ဘူတာကြီးနားမှာ တစ်ခါဖြစ်တယ်။ အကြီးအကျယ် ရန်ဖြစ်ကြတာ။သမ္မတ ရုံရှေ့က ဆိုက်ကားသမားတွေ လဲ ရဲစခန်းကို နေ့တိုင်းလိုလို ဒီအမှု ကိစ္စနဲ့ သွားရှင်းနေရတယ်''ဟုပြော သည်။ 

အဆိုပါ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားမှုသည် အောက်တိုဘာ၁၄ ရက် ညနေ ၅နာရီ ဝန်းကျင်ကဖြစ် ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ စခန်းမှ (ပ)၅၉၁/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၁၄ ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

KMZ
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List