Wednesday, October 15, 2014

တရုတ်-ရုရှား ဆက်ဆံရေး မျက်နှာစာသစ်တွင် ရောက်ပြီဟုဆို



တရုတ်နဲ့ ရုရှားဆက်ဆံရေးဟာ ဖွံ့ဖြိုးရေးမျက်နှာစာသစ်မှာ ရောက်နေပြီး တောက်ပတဲ့ မျှော်လင့်ချက်လည်း ရှိနေတယ် လို့ မော်စကိုမြို့မှာ တရုတ်ဝန်ကြီးချုပ် လီကီချမ်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပြောပါတယ်။လူဦးရေအရ၊ နယ်မြေအရ အရွယ်အစားကြီးမားတဲ့ နှစ်နိုင်ငံကြားက ပူးပေါင်းဆောက်ရွက်ချက်ဟာလည်း မဟာဗျူမြောက် ဆက်ဆံ ရေးဖြစ်သလို၊ တည်ငြိမ်တယ်လို့ တရုတ်ဝန်ကြီးချုပ်နဲ့ ရုရှားဝန်ကြီးချုပ်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ လီက ပြောပါတယ်။


ဒီနှစ်အတွင်း ဇန်န၀ါရီလကနေ သြဂုတ်လအတွင်း နိုင်ငံတကာ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ကုန်သွယ်ရေးဟာ စိုးရိမ်ဖွယ်ရာနဲ့ ခက်ခဲတဲ့ အခြေအနေမှာတောင် တရုတ်နဲ့ ရုရှားတို့ကြားက ကုန်သွယ်ရေးဟာ အလျင်အမြန် တိုးတက်လာတာကို ထောက်ရှုရင် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်မှု တိုးတက်လာမယ့် အလားအလာရှိတယ်လို့ ဆိုပါတယ်။

နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ဆက်ဆံရေးဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွား ဖြစ်သလို၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကျိုးဖြစ်ထွန်းစေတယ်လို့လည်း ထပ်လောင်း ပြောဆိုပါတယ်။

နှစ်နိုင်ငံကြားမှာ မဟာဗျူဟာမြောက်တဲ့ အစိအစဉ်တွေကို မြှင့်တင်ဆောင်ရွက် သွားမှာ ဖြစ်ပြီး တီထွင်မှုနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေကို လည်း ပြုပြင် မွမ်းမံသွားမယ်လို့ ဆိုပါတယ်။

ပြည်သူအချင်းချင်း ဆက်ဆံရေးကို မြှင့်တင့်ဖို့၊ ပညာရေးဖလှယ်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ လူငယ်ဖလှယ်ရေးအစီ အစဉ်တွေကို ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဆောင်ရွက်ဖို့ကိုလည်း တရုတ်ဝန်ကြီးချုပ် က အဆိုပြုလိုက်ပါတယ်။

ရုရှားဝန်ကြီးချုပ်ကလည်း တရုတ်နဲ့ ရုရှားဟာ မဟာဗျူဟာမြောက် မဟာမိတ်တွေ ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် နှစ်နိုင်ငံအတွက်သာမက တကမ္ဘာလုံးအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ရုရှားအကြား ကုန်သွယ်မှု တန်ဖိုးကိုလည်း ၂၀၁၅ ကျရင် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိလာဖို့ အတွက် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ မော်စကိုခရီးစဉ်ဟာ မနှစ်က ၀န်ကြီးချုပ်ဖြစ်လာတဲ့နောက် ပထမဆုံး ဖြစ်ပါတယ်။

၃ နိုင်ငံ ခရီးစဉ်အတွင်း ဂျာမနီကတဆင့် ရုရှားကို ရောက်နေတာ ဖြစ်ပြီး အီတလီမှာ ခရီးစဉ်အဆုံးသတ်မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List