Thursday, October 16, 2014

ကန်သူနာပြု နောက်တစ်ဦး အီဘိုလာ ကူးစက်ခံရ


အမေရိကန်နိုင်ငံ ​Taxas ​ပြည်နယ်မှာ ​သူနာပြုနောက်တစ်ဦး ​အီဘိုလာ ​ရောဂါ ​ကူးစက်ခံနေရပါတယ်။လိုင်ဘေးရီးယား ​နိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​အီဘိုလာဝေဒနာရှင် ​Thomas ​Duncan ​ကို ​Dallas ​မြို့မှာ ​ကုသပေးရင်း ​ကူးစက်ခံရတာ ​ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ​သူနာပြု ​တစ်ဦး ​ကူးစက်ခံခဲ့ရပြီး ​အခုအခါမှာ ​ဒုတိယမြောက် ​သူနာပြု ​ကူးစက်ခံနေရတာပါ။

အီဘိုလာ ​ရောဂါပိုး ​ကုသရေးမှာ ​ကာကွယ်ရေးအတွက် ​ဝတ်ရတဲ့ဝတ်စုံက ​တစ်ကိုယ်လုံးကို ​ကာကွယ်ပေး ထားတာ ​မဟုတ်ပဲ ​လည်ပင်းကို ​ဖော်ထားတဲ့အတွက် ​အဲဒီကနေ ​ကူးစက်တာ ​ဖြစ်နိုင်တယ်လို့ ​လူနာကို ​ကုသပေးနေတဲ့ ​သူနာပြုတွေ ​စောဒက ​တက်နေချိန်မှာပဲ ​အခုလို ​နောက်တစ်ယောက် ​ကူးစက်ခံရတာ ​ဖြစ်ပါတယ်။

ပိုပြီး ​စိုးရိမ်စရာကောင်းတာက ​အခု ​ရောဂါပိုး ​ကူးစက်ခံနေရတဲ့ ​သူနာပြုဟာ ​အရင်ရက်တွေတုန်းက ​တခြားမြို့တွေကို ​လေယာဉ်နဲ့ ​ခရီးသွားခဲ့တဲ့အတွက် ​တခြားဒေသကိုလည်း ​ပျံ့နှံ့မှာကို ​စိုးရိမ်နေကြပါတယ်။

အာဏာပိုင်တွေကတော့ ​လေယာဉ်ပေါ်မှာ ​ရောဂါ ​ပျံ့နှံ့မယ့် ​အခြေအနေ ​နည်းပါးပေမယ့် ​လေယာဉ်ပေါ် ​လိုက်ပါလာသူ ​ခရီးသည် ​၁၃၂ ​ယောက်ကို ​သတိပေးတာတွေ ​လုပ်ထားတယ်လို့ ​သိရပါတယ်။

သေဆုံးသွားပြီ ​ဖြစ်တဲ့ ​အီဘိုလာ ​ရောဂါသည် ​Thomas ​Duncan ​ကို ​ကျန်းမာရေးဝန်ထမ်း ​၇၇ ​ယောက်က ​ကုသမှု ​ပေးခဲ့တဲ့အတွက် ​ကုသရေးမှာ ​ပါဝင်သူ ​အားလုံးကို ​ဘာကြောင့် ​သီးသန့်ခွဲထားပြီး ​စောင့်ကြည့် မှုတွေ ​မလုပ်ရဘူးလည်း ​ဆိုပြီးတော့လည်း ​မေးခွန်းထုတ်နေကြပါတယ်။

အီဘိုလာ ​ပိုးဟာ ​ကိုယ်ခန္ဓာအတွင်း ​၂၁ ​ရက်ကြာ ​ရောဂါပျိုးလေ့ရှိတဲ့အတွက် ​အဲဒီအတောအတွင်း ​ရောဂါပိုး ​ရှိနေတာကို ​မသိတဲ့လူတွေအနေနဲ့ ​သာမာန်အတိုင်း ​သွားလာနေတုန်း ​နောက်လူတွေကိုပါ ​ကူးစက်နိုင် တယ်ဆိုပြီး ​စိုးရိမ်နေကြပါတယ်။

လိုင်ဘေးရီးယား ​ဝန်ကြီးရဲ့ ​ဒရိုက်ဘာလည်း ​အီဘိုလာနဲ့ ​သေဆုံး 

လိုင်ဘေးရီးယားနိုင်ငံ ​သယ်ယူပို့ဆောင်ရေး ​ဝန်ကြီးရဲ့ ​ကားမောင်းသမားက ​အီဘိုလာရောဂါနဲ့ ​သေဆုံး သွားတဲ့အတွက် ​ဝန်ကြီးကလည်း ​မိမိကိုယ်ကို ​တခြားလူတွေနဲ့ ​ခွဲခြားပြီး ​သီးသန့်နေထိုင်လိုက်ပြီ ​ဖြစ်ပါ တယ်။

လိုင်ဘေးရီးယားနိုင်ငံ ​သယ်ယူပို့ဆောင်ရေးဝန်ကြီး ​Angela ​Bush ​က ​သူမအနေဲ့ ​နာမူနာကောင်း ​ပြသ လိုတဲ့အတွက် ​သီးသန့်ခွဲခြား ​နေထိုင်မှု ​လုပ်လိုက်တာဖြစ်ပြီး ​အီဘိုလာရောဂါက ​သူ့ကိုပါ ​ကူးစက်မှု ​ရှိမရှိ ​သိရအောင် ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်မယ်လို့ ​ပြောပါတယ်။

သူ့ရဲ့ ​ကားမောင်းသမားက ​သူ့ကို ​ဖုန်းကနေ ​ဆက်သွယ်လာပြီး ​နေမကောင်းဖြစ်တဲ့အတွက် ​ဆရာဝန်ကို ​ပြသမှာဖြစ်ပြီး ​အလုပ်မလာနိုင်ကြောင်း ​အသိပေးခဲ့တယ်လို့ ​ဆိုပါတယ်။

သူကလည်း ​ဘယ်လို ​နေမကောင်းဖြစ်တာလည်းလို့ ​ဖုန်းဆက်မေးရာမှာ ​ဒရိုင်ဘာက ​သူ့မှာ ​ဌက်ဖျားရောဂါ ရှိတယ်လို့သာ ​ပြောခဲ့ပေမယ့် ​ နောက်ရက်ပိုင်းမှာပဲ ​အီဘိုလာ ​ရောဂါနဲ့ ​သေဆုံးသွားပြီဆိုတာကို ​သိခဲ့ရ တယ်လို့ ​လိုင်ဘေးရီးယား ​ဝန်ကြီးက ​ပြောပြခဲ့ပါတယ်။

ပင်စင်စား ​ကျန်းမာရေးအမှုထမ်းဟောင်းတွေ ​အလုပ်ပြန်လုပ်ကြဖို့ ​ဂီနီသမ္မတ ​ပန်ကြားတချိန်တည်းမှာပဲ ​အနောက်အာဖရိကဒေသမှာ ​အီဘိုလာ ​ရောဂါ ​ပျံ့နှံ့မှုတွေ ​ဖြစ်နေတဲ့အတွက် ​ဂီနီနိုင်ငံသမ္မတက ​အီဘိုလာ ​ရောဂါ ​တိုက်ဖျက်ရေးမှာ ​ပင်စင်ယူသွားပြီဖြစ်တဲ့ ​ဆရာဝန်တွေနဲ့ ​တခြား ​ကျန်းမာရေးလုပ်သားတွေလည်း ​ပြန်လည် ​အလုပ်လုပ်ကိုင်ကြဖို့ ​ပန်ကြားတောင်းဆိုလိုက်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာကြောင့် ​ဂီနီနိုင်ငံမှာ ​လူပေါင်း ​၈၀၀ ​နီးပါး ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List