ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် မြန်မာအမျိုးသမီး ၈ ဦးအား ဆက်သွယ်ရေးလှိုင်း တရားမ၀င်အသုံးပြုကာ နိုင်ငံခြားဖုန်းခေါ် ဆိုသည့် ၀န်ဆောင်မှု အတွက်အသုံးပြုနေမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု အမျိုးသား အသံလွှင့်ခြင်းနှင့် တယ်လီကွန်း ဆက်သွယ်
ရေးကော်မရှင် (NBTC) ရုံးဥက္ကဋ္ဌ သာကန်သန်သာဆစ် က ပြောကြားသည်။
UHF 450 MHz လှိုင်းနှုန်းအား တစ်စုံတစ်ဦးက တရားမ၀င် အသုံးပြုနေကြောင်း သတင်းရရှိပြီးနောက် NBTC အရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင် များက တမ်ဘွန်ဆန်နွန်ရှိ ၃ ထပ်တိုက် အဆောက်အအုံ တစ်ခုသို့ ၀ရန်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ် သည်ဟု မနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀င်ရောက်ရှာဖွေရာတွင် ဖုန်းခေါ်ဆိုသူအဖြစ် ဆောင်ရွက်နေသည့် မြန်မာ အမျိုးသမီး ၈ ဦး ဖုန်း ၃၇ လုံးနှင့် ဖောက်သည်များ၏ ဖုန်းနံပါတ်များ မှတ်သား ထားသည့် စာအုပ်များ ဖမ်း ဆီးရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အဆောက်အအုံခေါင်မိုးထပ်တွင် အင်တင်နာတိုင် အများအပြားနှင့် ဆက် သွယ်ရေးကိရိယာ ၃၁ ခုတို့ တွေ့ရှိခဲ့ သည်။ ထိုကိရိယာများဖြင့် ဆက်သွယ်ရေးလှိုင်းနှုန်းများအား တရားမ၀င် ခိုး ယူအသုံးပြုနေခြင်းဖြစ်သည်ဟု တာဝန်ရှိသူ များက ဆိုသည်။
အဖမ်းခံထားသူထဲမှ လှ ဆိုသည့် အမျိုးသမီးက "ကျမတို့လည်း ဒါတရားဝင် မ၀င်ကို မသိပါဘူး။ ဖုန်းအေပတာ အလုပ်ကို အဆောင်ပါ ထမင်းကျွေးပြီး မပင်ပန်းတဲ့ အလုပ်မို့ ကျမတို့ လုပ်ကိုင်ခဲ့တာပါ။ စက်တွေ ပျက်ရင် လိုင်းမမိရင် ထိုင်းလူမျိုးတွေ ပဲ လာပြင်ပါတယ်။ ကျမတို့လည်း အဲသည် ခေါင်မိုးပေါ်က စက်တွေကို ဆိုရင် မြင်တောင် မမြင်ဘူးပါဘူး။ သူဌေး ဘယ်သူ မှန်းတောင် မသိပါဘူး" ဟု ပြောကြားကြောင်း သည်နေရှင်းသတင်းစာမှ ဖော်ပြထားသည်။
အဆိုပါ ကမ္ဘာအနှံ့ တရားမ၀င်ဖုန်းခေါ်ဆိုမှုလုပ်ငန်းအား လုပ်ကိုင်နေသည်မှာ ၁ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး အသုံး ပြုသူများက ၁ မိနစ်လျှင် ဘတ် ၅၀ ပေး ရသည် ဟု NBTC အကြီးတန်းအရာရှိ ချာရန်ကဆိုသည်။ ဖမ်းဆီးခံရသူ များအား ခွင့်ပြုချက် မရှိဘဲ တယ်လီကွန်းဆက်သွယ်ရေးဌာန တည်ထောင်သူ၊ လှိုင်းနှုန်း များ တရားမ၀င်အသုံးပြု မှုတို့ဖြင့် တရားစွဲဆိုထား သည်။
"ကျမတို့က မြန်မာ၊ လောအို၊ ကမ္ဘောဒီးယား တို့ကို ဖုန်းဆက်သွယ်ပေးတဲ့ လုပ်ငန်းပါ။ ရွှေ့ပြောင်းလုပ်သားတွေက ကျမတို့ဆီကို ဖုန်းခေါ်ရင် သူတို့ ဆက်သွယ်ချင်တဲ့ နိုင်ငံက ဖုန်းနံပါတ်ကို ကျမတို့က တဆင့် ချိတ်ဆက်ပေးရုံပါပဲ။ ကြိုတင်ငွေပေးကဒ်လား နောက်မှ ဘီလ်နဲ့ ငွေကောက်တာလားတောင် ကျမတို့ မသိရပါဘူး။ ဒါတွေကို စက်တွေနဲ့ စက်ခန်းထဲမှာပဲ လုပ်တဲ့သူတွေ ရှိပါတယ်" ဟ မလှက ပြောကြောင်း အဆိုပါသတင်းမှာ ဖော်ပြထားပါသည်။
အဆိုပါ ၃ထပ်တိုက် အဆောက်အအုံအား အလုပ်သမားများနေထိုင် ရန် မြန်မာနိုင်ငံသား တစ်ဦးက တစ်လလျှင် ဘတ် ၂၀,၀၀၀ ဖြင့် ငှားရမ်း ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို တရားမ၀င်ဖုန်းဝန်ဆောင်မှု အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိသည်။
KHTun
Ref - The Nation
The Ladies News Journal
No comments:
Post a Comment