Friday, October 17, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သုံးနိုင်ငံဆက်ဆံရေး ထိခိုက်နိုင်ဖွယ်ရှိ



လိပ် ကျွန်းလူသတ်မှုမှာ ထိုင်း၊ မြန်မာ၊ ဗြိတိန်သုံးနိုင်ငံဆက်ဆံရေးကို ထိခိုက် နိုင်ပြီး ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်သလို ထိုင်းနိုင်ငံ၏တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာတစ်ခု ဖြစ်သည်ဟု လူ့အခွင့်အရေး ရှေ့နေဆူရာပေါင် ခေါင်ချဉ်တွတ်ခ် Surapong Kongchantuk က ပြောကြားလိုက်သည်။
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရှေ့နေများကောင်စီမှ မျက်မြင်သက်သေသုံးဦးအား စမွိုင်း Samui ခရိုင်တရား ရုံး၌ စစ်ဆေးမေး မြန်းခဲ့ပြီးနောက် လူ့အခွင့်အရေး ရှေ့နေဆူရာပေါင်ခေါင်ချဉ်တွတ်ခ် Surapong Kongchantuk ကပြော ကြားလိုက်ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံသားတွေကို ရှေ့ နေငှားရမ်းခွင့်ရှိကြောင်း ထိုင်းရဲအ ဖွဲ့အနေနဲ့ အသိပေးရမယ့်တာဝန်ရှိတယ်''ဟု မစ္စတာ ဆူရာပေါင်ကပြောသည်။

တရားရုံး၌ သံသယတရားခံ နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့်ဇော် လင်းတို့နှစ်ဦးကို ကြားနာစစ်ဆေး လိမ့်မည်ဖြစ် ကြောင်း၊ ၄င်းတို့နှစ်ဦး၏ ကိုယ်စားလှယ်ရှေ့နေဖြင့်တရားခွင် တွင် ပထမဆုံးအကြိမ်စစ်ဆေးမေး မြန်းမည်ဖြစ်ကြောင်း အဆိုပါရှေ့နေ က အောက်တိုဘာ၁၄ရက်က ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အစိုးရကလည်း ထိုင်း သံတမန်အကြီးအကဲကို တနင်္လာနေ့ ကဆင့်ခေါ်၍ စစ်မှန်သောစုံစမ်း စစ်ဆေးမှုပြုလုပ်ရန် ပြောကြားခဲ့ ကြောင်း လန်ဒန်ရှိမီဒီယာ များမှ တစ် ဆင့် သိရသည်။

ပြီးခဲ့သော စက်တင်ဘာ၁၅ ရက်တွင် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာနှင့် ဟန်နာဝှစ်သာရိုက်တို့ နှစ်ဦးကို သတ်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ် သမားနှစ်ဦးကို ဖမ်းဆီးထား ခြင်း ဖြစ်သည်။

မျက်မြင်သက်သေမောင်မောင် က ၄င်း၏ အခန်းဖော်နှစ်ဦး လူသတ် ခဲ့သည်ကို မမြင်ကြောင်းအစစ်ဆေး ခံခဲ့ပြီး မြန်မာနိုင်ငံသားမျက်မြင်သက် သေနှစ်ဦးဖြစ် သည့် ရန်ရန်နှင့်နီအွန်ဂ် တို့နှစ်ဦးကိုလည်း သက်သေခံရန် ဆင့်ခေါ်ခဲ့ ကြောင်း မစ္စတာဆူရာပေါင် က ပြောကြားခဲ့သည်။

မျက်မြင်သက်သေနှစ်ဦးကို လိပ်ကျွန်းဒေသခံများက မသိကြောင်း၊ ၄င်းတို့နှစ်ဦး သည် အမှုနှင့်မသက်ဆိုင်သူများဖြစ် ကြောင်း ထိုင်းအာဏာ ပိုင်များက သံသယတရားခံဝင်းနှင့် ဇော်တို့၏ အမှုနှင့်ပတ်သက်သော စာမျက်နှာ၃ဝဝ ခန့်ရှိသည့် အစီရင် ခံစာကို တရားရုံးသို့တင်ပြခဲ့ကြောင်း၊ တရားခံနှစ်ဦးအတွက် ရှေ့နေနှစ်ဦး ငှားရမ်းခွင့်ကို ရှေ့နေများကောင်စီ က ခွင့်ပြုခဲ့ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။

သံသယတရားခံများနှင့် မျက် မြင်သက်သေများကိုရှေ့နေနှင့်သင့် လျော်သည့် စကားပြန်မပါဝင်ဘဲ ထိုင်းအာဏာပိုင် များက စစ်ဆေးခဲ့သည်။

အာဏာပိုင်များအနေနှင့်တရားခံ များ၏အခွင့်အရေးကို အသိပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ရှေ့နေအဖွဲ့ တစ်ခုသည် တရားခံများဘက်မှ ရှေ့နေလိုက်ပေး မည်ဖြစ်ကြောင်း၊ သံသယတရားခံများနှင့် မျက်မြင် သက်သေများကို တရားဥပဒေ လမ်း ကြောင်းမှ ကူညီမည်ဖြစ်ကြောင်း၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က စွပ်စွဲထားသော တရားခံ များကို ညှဉ်းပန်းနှိပ်စက်သည်ဆိုသည့်ကိစ္စကိုလည်း စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း မစ္စတာဆူရာပေါင် က ပြောသည်။

Source ဘန်ကောက်ပို့စ်
NA (MMK)
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List