Monday, October 13, 2014

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ဆရာဝန် ၃၀၀ ကျော်သာရှိ



သြစတြေးလျနိုင်ငံသား ၄၅% ကျော်ဟာ ဘဝ တကွေ့မှာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေ အနည်းဆုံး တစ်ကြိမ် ခံစားရလေ့ ရှိပြီး အသက် ၂၅ နှစ်အောက် လူငယ်တွေဟာလည်း ၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ စိတ်ကျန်းမာရေး ချို့တဲ့မှုကို ခံရတယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာ ပညာရှင် သောင်းနဲ့ချီ ရှိပေမယ့်လည်း အခုလို ဖြစ်နေတာပါ။ သြစတြေးလျနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေကတော့ Depression လို့ခေါ်တဲ့ စိတ်ကျရောဂါနဲ့ Anxiety လို့ခေါ်တဲ့ စိတ်ပူ ပန်သောကရောက်မှု တို့ဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံမှာ ကားနဲ့ ဆိုင်ကယ်ယာဉ် မတော်တဆမှုတွေထက် မိမိကိုယ်ကို သေကြောင်း ကြံစည်သူတွေ ပိုများတယ်လို့ သိရပါတယ်။

အဲဒီအတွက် အေဘီစီကနေ စိတ်ကျန်းမာရေး ပညာပေး သတင်းပတ်အဖြစ် Mental As ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့ကအထိ လုပ်ဆောင်ခဲ့ပါတယ်။

ရေဒီယို၊ ရုပ်မြင်သံကြား၊ ဝဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ် အစရှိတဲ့ ကဏ္ဍပေါင်းစုံမှာ ပညာပေးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် အွန်လိုင်းကနေတဆင့် ရံပုံငွေ ကောက်ခံမှု လုပ်ရာမှာလည်း တစ်ပါတ်အတွင်း ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ရောဂါအကြောင်းနဲ့ ဘယ်လို လုပ်ဆောင်ပေးနေသလဲ ဆိုတဲ့ အကြောင်းကို စိတ်ကျန်းမရေး အထူးကု ဆရာဝန်ကြီး ဒေါ်သန်းသန်းအေးကို ပြီးခဲ့တဲ့ လတွေတုန်းက မေးမြန်းခဲ့တာကို ပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List