Friday, October 17, 2014

ဥရောပလုပ်ငန်းရှင်များ ပိုမိုလာရောက်ရန် သမ္မတဦးသိန်းစိန် ဖိတ်ကြား


မြန်မာနိုင်ငံတွင် ဥရောပ လုပ်ငန်းရှင်များ ပိုမိုလာရောက် လုပ်ကိုင်နိုင်ရန် သမ္မတဦးသိန်းစိန်က ဖိတ်ခေါ် လိုက်ပြီး ဥရောပ သမဂ္ဂနှင့်လည်း မြန်မာနိုင်ငံက ကဏ္ဍစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသည့် အာရှဥရောပထိပ် သီးအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သမ္မတခရီးစဉ်တွင် လိုက်ပါသွားသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘မြန်မာအနေနဲ့ ပြီးခဲ့တဲ့နှစ်  တွေမှာ ဥရောပသမဂ္ဂ (EU)နဲ့ ပူးပေါင်းဆောင်ရွက် တာဟာ ကဏ္ဍစုံမှာရရှိတဲ့ အကျိုးရလဒ် တွေကို သမ္မတကြီးက ကျေနပ် တယ်။ ဆက်ပြီးတော့လည်း EU နဲ့ ပူးပေါင်းဆောင်ရွက် လိုတယ်ဆို ပြီးပြောကြားပါတယ်။ ဥရောပ လုပ်ငန်းရှင်တွေကိုလည်း မြန်မာ ပြည်ကို အခုထက်ပိုပြီး လာရောက် ရင်းနှီးမြှုပ်နှံကြဖို့လည်း ဖိတ်ခေါ် ခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။

ဥရောပသမဂ္ဂသည် ဦးသိန်း စိန်အစိုးရလက်ထက်တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယူရို ဆယ်သန်း ထောက်ပံ့ကူညီ မည်ဟု ကတိပြုထားပြီး ပိတ်ဆို့မှုများကို အစောဆုံးရုပ်သိမ်းပေးခဲ့ သည့် အဖွဲ့လည်းဖြစ်သည်။ လက်ရှိတွင် လူစုလူဝေးနှင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းများပေးနေပြီး ရဲတပ်ဖွဲ့အဆင့်မြှင့်တင်ရန် ယူရို ၁၀ သန်းသုံးစွဲမည် ဖြစ်သည်။ ထို့အပြင်ရန်ကုန်မြို့တော် အမှိုက်စွန့်ပစ်မှုဆိုင်ရာ လုပ်ငန်းအတွက် အီးယူက ယူရိုကိုးသိန်းထောက်ပံ့ကူညီ ထားသည်။

အောက်တိုဘာ ၁၆ ရက် နံနက်က မီလန်တွင် အာဆီယံ-EU အလွတ်သဘော အစည်း အဝေးကို ကျင်းပခဲ့ပြီး EU မှာ အာဆီယံ၏ အဓိကကုန်သွယ် ဘက်ဖြစ်ခြင်းကြောင့် ရင်းနှီးမြှုပ် နှံမှုများ ဆက်လက် တိုးတက်စေ ရန် အာဆီယံဥက္ကဋ္ဌအနေဖြင့် တိုက်တွန်းခဲ့ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

 ‘‘အီးယူက အာဆီယံရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သ လို အာဆီယံကလည်း အီးယူရဲ့ တတိယအကြီး ဆုံးကုန်သွယ်ဖက် ဆိုတော့ ဒီအခြေအနေကိုဆက် ပြီးတိုးတက်ဖို့ တိုက်တွန်းတာပါ’’ဟု ၎င်းက ဆိုသည်။

 ဥရောပထိပ်သီးအစိုးရ ခေါင်းဆောင်အချို့နှင့် အောက်တိုဘာ ၁၇ ရက်တွင် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမည်ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး အမှုကိုတရားရုံးတွင် စတင်စစ်ဆေးနေ ပြီဖြစ်၍ မီလန်တွင် ထိုင်းဝန်ကြီးချုပ်နှင့် ထပ်မံ တွေ့ဆုံမှုရှိ၊ မရှိ ခန့်မှန်းမှုများ အပေါ် ၎င်းကတွေ့ဆုံရန်မရှိဟု ပြောကြားခဲ့သည်။

‘‘ဥရောပခေါင်းဆောင်တွေ နဲ့တွေ့ဖို့ အချိန်နဲ့နေရာညှိနှိုင်းနေ တယ်။ ထိုင်းဝန်ကြီးချုပ်နဲ့တော့ ထပ်မတွေ့တော့ပါဘူး။ အာရှ-ဥရောပအစည်းအဝေးမှာတော့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးလို ပြည်သူတွေကို တိုက်ရိုက်အကျိုးရှိစေတဲ့ကိစ္စတွေမှာ ပူးပေါင်းလုပ်ဖို့ သမ္မတက တိုက်တွန်းဖို့ရှိပါတယ်’’ ဟု ၎င်း က ပြောသည်။

 ဥရောပနိုင်ငံပေါင်း ၃၀၊ အာရှဒေသ ၁၉ နိုင်ငံနှင့် အီးယူ၊ အာဆီယံတို့အဖွဲ့ဝင်အဖြစ်ပါဝင် သော ယင်းအစည်းအဝေးသို့ ၁၉၉၈ နောက်ပိုင်းတွင် အီးယူက မြန်မာအစိုးရတက်ရောက်ခြင်းကို ကန့်ကွက်ခဲ့ သဖြင့် နိုင်ငံခြားရေး ဝန်ကြီးအဆင့်သာ တက်ရောက် ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လာအို၌ ကျင်းပသော အေဆမ် အစည်းအဝေးသို့ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ယခုဥရောပမြေတွင်လုပ်သည့်အေဆမ်သို့ ၎င်းအနေဖြင့် ပထမဆုံးအကြိမ်တက် ရောက်ခြင်းလည်းဖြစ် သည်။

7Day News Journal 

No comments:

Post a Comment

My Blog List