Wednesday, October 15, 2014

အချက်အချာကျတဲ့ တောင်ကုန်းကို Kurdish တပ်တွေ ပြန်သိမ်းပြီ


ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့အတွင်းက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​နှစ်ရက်အတွင်း ​ဝေဟင်တိုက် ခိုက်မှု ​၂၁ ​ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ​Kurdish ​တပ်ဖွဲ့ဘက်က ​အသာစီးမှု ​ပြန်လည်ရရှိနေပါတယ်။ ​အဲဒါ ကြောင့် ​ကိုဘာနီမြို့ အနောက်ပိုင်းက ​အချက်အချာကျတဲ့ ​တောင်ကုန်းတစ်ခုကိုလည်း ​ပြန်လည် ​ရယူနိုင် ခဲ့ပါတယ်။

အမေရိကန်က ​Kurdish ​တပ်တွေကို ​ဝေဟင်ကနေ ​ကူညီတိုက်ခိုက်နေပြီး ​IS ​တပ်ဖွဲ့တွေ ​၁၀ ​ရက်ကြာ ​သိမ်းပိုက်ထားတဲ့ ​ကိုဘာနီမြို့ပြင်က ​တောင်ကုန်း တစ်ခုကို ​Kurdish ​တပ်တွေ ​ပြန်လည်ရယူနိုင်ခဲ့တာပါ။

အခုလို ​အနိုင်ရရှိမှုတွေ ​ရှိလာပေမယ့်လည်း ​ကိုဘာနီမြို့ ​တစ်ဝက်လောက်ကို ​IS ​စစ်သွေးကြွ ​တပ်တွေက ​သိမ်းပိုက်ထားဆဲ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​အမေရိကန်ကလည်း ​ဝေဟင်တိုက်ခိုက်မှုတွေ ​ဆက်လက်တိုးချဲ့လုပ်ဆောင် နေတဲ့အကြောင်း ​Hayden ​Cooper ​က ​သတင်းပေးပို့ထားပါတယ်။

တဆက်တည်းမှာပဲ ​နိုင်ငံပေါင်း ​၂၀ ​က ​စစ်အရာရှိကြီးတွေက ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံအတွင်းက ​IS ​စစ်သွေးကြွတွေရဲ့ ​အရေးနဲ့ ​ပတ်သက်ပြီး ​ဝါရှင်တန်မြို့မှာ ​တွေ့ဆုံနေကြပါတယ်။

ဒါဟာ ​နိုင်ငံမြောက်များစွာက ​အဆင့်မြင့် ​စစ်တပ်အရာရှိကြီးတွေ ​တွေ့ဆုံတဲ့ ​အစည်းအဝေးကြီးတစ်ခုဖြစ် ကြောင်းလည်း ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List