Friday, October 17, 2014

အကယ်ဒမီရပြီးနောက် အလုပ်လျှော့နေတယ်ဆိုတဲ့ ဖွေးဖွေး


၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် လက်ပံဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု   ရရှိထားသည့် သရုပ်ဆောင်ဖွေးဖွေးသည် အကယ်ဒမီဆုရပြီးနောက် အနုပညာအလုပ်များလျှော့လုပ်နေ သည်ဟုဆိုသည်။

‘‘သူများတွေကတော့ အကယ်ဒမီရပြီးရင် အလုပ်တွေ ပိုလုပ်ဖြစ်ကြတယ်။ ဖွေးဖွေးက တော့ အလုပ်တွေကို ပိုလျှော့လုပ် နေပါတယ်။ ပြောင်းပြန်သွား ကြည့်တာပေါ့နော်။ အများကြီး လက်ခံမယ့်အစား ကွာလတီ ကောင်းဖို့တစ်ခုကိုပဲ ရွေးပြီး လက်ခံချင်ပါတယ်’’ဟု ဖွေးဖွေးကပြောသည်။

သရုပ်ဆောင်ဖွေးဖွေးက ပရိသတ်နှင့်၎င်းအကြိုက်ဖြစ်မည့်ဇာတ်ကားမျိုးသာ ရွေးလုပ်ဖြစ်နေပြီး အလုပ်လျှော့ လုပ်လိုက်ခြင်းကြောင့် စီးပွားရေးအရ ထိခိုက်မှုများရှိနေကြောင်း၊ အကယ်ဒမီဆုကိုလည်း  မိမိအရွယ်နှင့် မလိုက်အောင်ရသွားသည်ဟုခံစားမိပြီး ကိုယ့်လိပ်ပြာကိုယ်လုံချင်သည့်အတွက် အနုပညာ တကယ်စစ် သည့် အရာများကိုသာလုပ်ဖို့စောင့်မျှော်နေပါကြောင်းပြောသည်။

ပထမဦးဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်သည့် အချိန်တိုင်း၊ နေရာတိုင်း ဇာတ်လမ်းတွဲတွင် ရဲအုပ် မေသူအဖြစ် ပါဝင်ခဲ့ပြီး ရဲမေဇာတ်ရုပ်ပီပြင်စေရန် နေပြည် တော်သို့ သွားရောက်၍ရဲအုပ်သင်တန်းတက်ရောက်ခဲ့ ရကြောင်း၊ အချိန်နှစ်ရက်သာ    ကြာသော် လည်း အလွန်ပင်ပန်းခဲ့ကြောင်း ဖွေးဖွေးကပြောသည်။

လက်ရှိအချိန်တွင်  ဇာတ် လမ်းတစ်ခုအတွက် ပြည်ပမှ ကမ်း လှမ်းခံထားရပြီး ဇာတ်လမ်းပုံစံမှာ ထူးခြား မှုရှိကြောင်း၊ ၎င်းကိုလျှို့ ၀ှက်ထားစေချင်သည့်အတွက် ထုတ်ဖော်မပြောပြနိုင်ကြောင်း ၎င်းကဆိုသည်။

7day

No comments:

Post a Comment

My Blog List