Monday, June 30, 2014

SSPP/SSA မှ အမျိုးသမီးစစ်သည် ရှေ့တန်းထွက်





သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းအခြေစိုက် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ် ဆေးတပ်ရင်းမှ အမျိုးသမီးစစ်သည်များသည် အစိုးရတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ် ပွားရာဒေသဘက် ရှေ့တန်းထွက်ကာ တိုက်ပွဲဝင်စစ်သည်များအား ဆေးစစ်ပေးနေသည် ဟု သိရပါသည်။

၂၀၁၄ ဂျွန် ၃၀ ရက်နေ့ က SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် ဆေးတပ် အရာခံဗိုလ် နန်းစော ဦးဆောင်သည့် အမျိုးသမီးစစ်သည်စစ်ကြောင်းသည် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ ဝမ့်ဝပ်ကျေးရွာအုပ်စု လွယ်ခေါ် ကျေးရွာ နှင့် ဖါဆောင်ကျေးရွာဘက် စစ်ကြောင်းလှည့်ကာ တိုက်ပွဲဝင် စစ်သည်များအား ဆေးဝါး ကုသမှု၊ ဆေးစစ်မှုများပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။

“အမျိုးသမီးတောင် ရှေ့တန်းထွက်တယ်ဆိုတော့ ကျနော်တို့ ရှေ့တန်းနေ စစ်တိုက်ရတဲ့သူအတွက် လဲ စစ်ဓါတ်အင်အားဖြစ်တာပေါ့။ မိမိအမျိုးသားတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်ရတာ သေပျော်တယ် ဗျာ၊ ဒီတသက်။ ကျူးကျော်လာတဲ့ရန်သူကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သံဓိဌာန်ချတယ်” - ဟု ရှေ့တန်းရောက် အရာရှိငယ် တဦးကပြောသည်။

တောင်ကြီးမြို့အရှေ့မြောက်ဘက် မိုင်တရာဝန်းကျင်ခန့် ကွာဝေးသည့် ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေး ရွာအုပ်စုရှိ SSPP/SSA ၏ တာ့ဖါဆောင်တပ်စခန်းအား မရရသည့်နည်းဖြင့် တိုက်ယူရန်အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) စစ်တိုင်းမှူးမှ ညွှန်ကြားထားကြောင်းသတင်းရရှိထားသည်ဟု SSPP/SSA ၏ ရှေ့တန်းတပ်မှူးက ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် သဘောတူညီထားသည့်အချက်များမလိုက်နာခြင်း၊ လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူစုဆောင်းခြင်း၊ တပ်စခန်းများ တိုးချခြင်းများ ပြုလုပ် နေသောကြောင့် ၎င်းတို့အား တိုက်ခိုက် ရှင်းလင်းရန် ခိုလမ်မြို့ အခြေစိုက် ရလခ တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်မှ ညွှန်ကြားထားကြောင်း၊ အဆိုပါကိစ္စများအတွက် နိုင်ငံတော်သမ္မတထံလည်း စာတင် ထားကြောင်း - မိုင်းရှူးမြို့ တပ်အရာရှိ အသိုင်းဝိုင်းက သျှမ်းသံတော်ဆင့်သို့ပြောဖူးသည်။

သျှမ်းပြည်တပ်မတော် နှင့် နေပြည်တော်အစိုးရ တို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လက်မှတ်ထိုး ထားကြ သော်လည်း ၂၀၁၄ ခုနှစ်အတွင်းမှာပင် တိုက်ပွဲပေါင်း ၂၈ ကြိမ်ဖြစ်ပွားသည်ဟု သျှမ်းပြည် တပ်မတော် SSPP/SSA က ထုတ်ပြန်ထားပါသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List