Monday, May 11, 2015

မျိုးဆက်သစ်လူငယ်များနဲ့ တပ်မတော် ပုံရိပ်ကောင်းထွက်ဖို့ ကြိုးစားနေပြီလား

အခြေခံပညာ ကျောင်းသား ၇၅ဝ နီးပါးကို တပ်မတော်မှ ရေ ကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြဝတီသတင်း ဌာနက သင်တန်းစတင်သည့် ဧပြီ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန် ပေးခဲ့သည်။ 


၂၅ ရက်ကြာ ကြာမြင့်မည့် ယင်းသင်တန်းသတင်းကို တပ်မတော်ပိုင်သတင်းဌာနက သတင်းထုတ် ပြန်ပေး ရာတွင် မျိုးဆက်သစ် လူငယ်များ၏ အသိပညာများ ဖွံ့ဖြိုး တိုးတက်စေရန်၊ ကျောင်းသားတို့၏ အားလပ် ရက်များ အကျိုးရှိစေရန်နှင့် ဝါသနာပါရာ ကို လေ့လာနိုင်စေရန်အတွက် စသော ဦးတည်ချက်များနှင့်ဟု ထည့်သွင်း ဖော်ပြပေးခဲ့သည်။

နှစ်ပေါင်း၂၅ နှစ်ကာလအတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ် သည့်ယခုသင်တန်းက ဧရာဝတီ ရေတပ် စခန်းဌာနချုပ်၊ ကမ်းရိုး တန်းဒေသ စစ်ဌာနချုပ်၊ မင်္ဂလာဒုံ လေ တပ်စခန်းဌာနချုပ်၊ မြစ်ကြီးနား၊ မြိတ်၊ ပုသိမ်၊ ဟုမ္မလင်း၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူ၊ မော်လမြိုင်၊ ကျွန်းစုနှင့် ကျောက်ဖြူမြို့တို့တွင် ဖွင့်ထားပြီး ယခင်နှစ် သင်တန်းထက် သင်တန်းသားဦးရေ ၂ဝဝ ကျော် များနေသည်ကို တွေ့ရသည်။ 

ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက် မလုပ်ဖူးသော အငြိမ်းစားတပ် မတော် သားများ အားကန်တော့ခြင်း၊ ထိုသူတို့ကို တပ်မတော်ဝတ်စုံများ ဝတ်စေကာ စစ်ရေးပြအခမ်းအနားတက်ရောက် စေခြင်း၊ တိုက်ပွဲဒဏ် ရာရစစ်သည်များ၏ ခြေထောက်ကို ကိုင်တွယ် သတင်းမေးခြင်း စသည်တို့ကို ပြု လုပ်ခဲ့ပြီး စည်းရုံးရေး စွမ်းရည် ဆက်တိုက် အရှိန်မြှင့်နေသည့် လက်ရှိကာချုပ်က ယခုသင်တန်း အပေါ်အလေးအနက် ထားကြောင်း တပ်မတော်အ သိုင်းအ ဝိုင်းကြား ပြောဆိုနေကြသည်။

ထို့အတွက်ကြောင့်လည်း ဖွင့်ပွဲများကို စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦးတို့ကိုယ်တိုင်ပြုလုပ်ပေးခဲ့ပြီး သင်တန်း အဆုံးတွင် ကာချုပ် ကိုယ်တိုင် ကလေး များနှင့်တွေ့ဆုံ ခြင်းများရှိမည်ဟု ၎င်းတို့ထံမှ သိရသည်။ တပ်မတော်သားဟောင်း တစ်ဦးက သူ့အမြင် ကိုပြောဆိုရာ၌”ဒါက စည်းရုံးရေးတစ်မျိုးပါပဲ။နောက်ပြီးတပ်မတော်က လက်ရှိမှာ ဘာတွေလုပ်နေသလဲဆို တာ ပြချင်ပုံရတယ်။ အရင်က လူထုကို ချမပြခဲ့တဲ့ လက်နက်တွေ၊ စစ်ရေး လေ့ကျင့်မှုတွေဒါတွေ ပြလာတာ ကိုကြည့်တာနဲ့သိနိုင်ပါတယ်။ အခု တော့ ကလေးတွေဘက်ပေါ့” ဟု ပြောသည်။ 

တပ်မတော်(ရေ)တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသူ ဗိုလ်မှူးတစ်ဦးကတော့ လက်ရှိ သင်တန်းတို့သည် ကလေးငယ်တို့ ကို စည်းရုံးသည်ထက် ရှည်လျား သော ကမ်းရိုးတန်းတွင် နေထိုင်မှု များသော နိုင်ငံ တစ်ခု အတွက် လိုအပ်၍ တပ်မတော်ဘက်ကပေး သော သင်တန်းသာဖြစ်သည်ဟု ပြောသည်။ ”အားလုံး နား လည်အောင် ပြောရရင်သင်္ဘောနစ်ခဲ့ရင်အသက် ရှင်ကျန်ရစ်စေဖို့ ဘာတွေဆောင် ရွက်ရမလဲ။ ဘယ်လို အချက်ပြရ မလဲ။ ဒါတွေပါ ပါတယ်။ နောက်ပြီး လှေလှော်ရွက်တိုက် အားကစား နည်းတွေလည်းသင်ပေး ပါတယ်။ အဓိက ကတော့ ရေကြောင်း ပညာတွေကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တဲ့ မျိုးဆက်သစ်တွေ မွေး ထုတ်ဖို့၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းရဲ့ အရေးပါမှု တွေကို သိစေဖို့ကို အဓိက ဦးတည် ပါ တယ်” ဟု အထက်ပါဗိုလ်မှူးက ပြောသည်။

လေကြောင်း လူငယ်သင်တန်း ကိုလည်း တပ်မတော်အရာရှိ တစ်ဦးကရှင်းပြရာ၌ လူငယ်တို့ အနေဖြင့် လေကြောင်းနှင့်အာကာ သသိပ္ပံပညာရပ်များ၌ စိတ်ဝင်စား မှု တိုးလာစေရန်၊ လေယာဉ် ပျံသန်းမှုနှင့်သက်ဆိုင်သော ပညာ ရပ်များကို တတ်သိနားလည်စေ ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်းများ ပိုမို ပေါ် ထွန်းလာစေရန်အတွက် ဖြစ်သည်ဟု ပြောသည်။ 

ယင်းသင်တန်းများသည် မဆလခေတ် မတိုင်မီကတည်းက ရှိခဲ့သော်လည်း ဦးနေဝင်းခေတ် အရောက်တွင် အကြီး အကျယ် ဆောင်ရွက်ခဲ့သောသင်တန်းတို့ဖြစ် ကြောင်း အဓိပတိ ဒေါက်တာဘမော် ၏ မြေး တစ်ဦးဖြစ်သည့် ၁၉၈၄ ခုနှစ်က လေကြောင်း လူငယ်တစ်ဦး ဖြစ် ခဲ့ဖူးသော ဒေါက်တာဖုန်းဝင်းက ပြော သည်။

”လူငယ်တွေအတွက်လို့ပြော ပေမယ့် အဓိက ကတော့လမ်းစဉ် လူငယ်တွေအတွက်ပါပဲ။ အရင်ကနိုင် ငံရေးသင်တန်းတွေရယ်၊ ဝါ သနာပါရာ သင်တန်းတွေရယ်လို့ ရှိ ရာမှာ လေကြောင်းနဲ့ရေကြောင်း လူငယ် သင်တန်းက ဝါသနာပါရာ သင်တန်းတွေ ဖြစ်ခဲ့ပါတယ်။တက် ချင်တိုင်းတက်လို့မရခဲ့ ဘူး။ တော် တော်လေး စိစစ် ရွေး ချယ်ပါ တယ်”ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။ လက်ရှိအချိန်သည် အသွင် ကူးပြောင်းနေ ချိန်ဖြစ်၍ နိုင်ငံရေး ပါတီ၊ စစ်တပ်၊ အစိုးရ တစ်ခုခုက အဆိုပါအစီအစဉ်ကို လုပ်ခြင်းထက် အရပ်ဘက်အဖွဲ့ အစည်း တစ်ခုခုက လူငယ်ဖွံ့ဖြိုးရေး အစီ အစဉ်ဖြင့်လုပ်သင့်ကြောင်း ထောက် ပြသည်။ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ NLD ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ် များဖြစ်သော ဒေါ်စုစုလွင်၊ ဒေါ် စန္ဒာမင်းတို့ ကတော့ တပ်မတော် ၏ယခုအစီ အစဉ် ကိုကြိုဆို ခဲ့ သည်။ နွေရာသီအားလပ်ရက်ကို အပေါင်း အသင်းများဖြင့် အလကား အချိန် ဖြုန်းနေမည့်အစား အကျိုးရှိ သည့် သင်တန်းတစ်ခုဖြစ်သောကြောင့် ကြိုဆိုသည် ဟု ပြောခြ င်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
ဒေါ်ဒွဲဘူက ”အနာဂတ်နိုင်ငံတော်က တိုင်းရင်းသားတွေရော၊ ဗမာတွေရော အားလုံးပါဝင်ပြီး ဆောင်ရွက်မှ ရ မှာလေ။ ဝါသနာ ပါတဲ့ကလေးတွေအတွက် ဒီအစီ အစဉ်က ရလဒ်ကောင်းတွေပေးမှာပါ” ဟု ပြောသည်။ အချို့ကလည်း ယခုအစိုးရ အဖွဲ့ သက်တမ်းတစ်ဝက်ကျော်မှ စပြီး ယခုလိုမျိုးရွေးကောက်ပွဲ နီး နေချိန်တွင် လူငယ်များနှင့်ပတ် သက်၍ ယခင်က နှစ်ပေါင်းများစွာ မလုပ်ခဲ့သည့် အလုပ်တို့ဖြစ်သော ကင်းထောက်၊ လူရည်ချွန်၊ တက္က သိုလ်အရန်တပ်ရင်း စသည်တို့ကို ယခုအစိုးရက အင်နှင့်အားနှင့် လုပ်နေမှုအပေါ် သံသယဝင်မှုရှိနေ ကြသည်။”ကောင်းတဲ့ ရည်ရွယ်ချက်ဆို မပြောလိုပါဘူး၊ 

အုပ်စုဖွဲ့နေရာယူ နေကြတယ်ဆိုရင်တော့ မကောင်း ဘူး” ဟု သံသယဝင်နေ သူတစ်ဦး က ပြောသည်။
ယခင်က တပ်မတော်သည် ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့ သော်လည်း၊တိုင်းပြည်ကာကွယ် ရေးနှင့် မဆိုင်သော အုပ်ချုပ်ရေး ထဲ ကာလရှည်ကြာစွာ ပါဝင်ခဲ့ပြီး စီမံခန့်ခွဲမှုအမှားတို့ကြောင့် လူထုက နှစ်သက်မှု ရှိမနေသော အခြေအနေ သို့ရောက်ရှိနေသည်ကို ပြန်လည် ရုန်းထွက်ချင်ပြီး လမ်းမှန်ပေါ် တက်သည် ဆိုလျှင်တော့ ကြိုဆိုရ မည်ဟု ၎င်းက ဆက်ပြောသည်။ 

သို့သော်လည်း လက်ရှိကာလ သည် တပ်မတော်က လွှတ်တော်ထဲ၂၅ရာခိုင်နှုန်းနေရာ ဝင်ယူထားခြင်း၊ ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားတစ်ဦးကို အဆိုတင် သွင်းခွင့် အလိုလိုရခြင်း၊ အုပ်ချုပ် ရေး ဆိုင်ရာ အဓိကဝန်ကြီးများအား ခန့်အပ်နိုင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် နှော င့်နှေးနေခြင်း စသည်တို့က ရှိနေသေး၍ ယုံကြည်ဖို့ခက်ခဲနေ ဦးမည်ဟု ၎င်းက သုံးသပ်ပြန်သည်။

အငြိမ်းစားတပ်မတော်ကာကွယ် ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက”တိုင်းပြည် ကိုချစ် ရင်တော့ ကလေးတွေကို ချစ်ရပါ့မယ်။ ကလေးတွေ ကို မြေ တောင် မြှောက်ပေးသွားရပါ့မယ်။ ဒီ့ထက် တတ်နိုင်ရင်တော့ ကျန်းမာ ရေးပိုင်းတို့၊ ပညာရေးသင်ပေးတာ မျိုးတွေကို လူတန်းစေ့ဖြစ်အောင် တာဝန်ရှိ သူတွေက လုပ်ပေးရမယ် ပေါ့။ လက်ရှိအချိန်က တိုင်းပြည် မျက်နှာမငယ်သင့်တော့တဲ့ အချိန်ပါ။ 

ဒီအတွက် နေရာတကာမှာ သွေးသစ်တွေလောင်းရပါ့မယ်။ ဒါကလည်း အကျိုးရှိတဲ့ သင်တန်း တစ်ခု လို့မြင်တယ်”ဟုပြောသည်။ ယခုကာလအတွင်းမှာပင် ပြုလုပ်လျက်ရှိနေသော လူရည်ချွန် စခန်းများတွင် လည်း ယခင်နှစ်က ထည့်သွင်းထားခြင်း မရှိသည့် အခြေခံ စစ်ရေးပြသင်ခန်းစာများ၊ စစ်ရေးပြမှုတို့ဖြစ်သော သတိ၊ သက်သာ၊ အေးစေ၊ ရှေ့ကြည့်၊ အလေးပြု၊ သတင်းပို့ စသည်များ ကိုပါ ပညာရေးဝန်ကြီးဌာနက သင်ကြားပေးနေသည်ကိုလည်း တွေ့နေရပြန်သည်။ ပြီးခဲ့သည့်နှစ်က လေကြောင်း လူငယ်သင်တန်းသား တစ်ဦးဖြစ်ခဲ့သူ မန္တလေး အောင်မြေသာစံ မြို့နယ်မှ သင်တန်း သား မောင် မြင့်မိုရ်လင်းက ”ကိုယ်သိချင် တတ် ချင်တဲ့ ပညာရပ်တွေကို သင်ယူခွင့် ရလို့ ပျော်ရွှင်မိပါတယ်” ဟု ဖြေသည်။

Popular Myanmar News Journal


No comments:

Post a Comment

My Blog List