Tuesday, May 12, 2015

အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အလုပ်ရှင်များ၏ အခက်အခဲများကို စစ်တမ်းကောက်မည်


မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် ညှိနှိုင်းရာတွင် အထည်ချုပ်လုပ်ငန်းရှင် အများစု ပါဝင်သည့် CMP လုပ်ငန်းရှင်များက တစ်ရက်လုပ်အားခ ကျပ် ၁၅၀၀ ထက် တိုးမြှင့်ပေးရန် အခက်အခဲ ရှိသည်ဟု ဆိုသဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို စစ်တမ်းကောက်မည်ဖြစ်ကြောင်း အလုပ် သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။


ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များ၊ ဝင်ငွေ၊ ထွက်ငွေ၊ လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို စစ်တမ်းကောက်ယူမည် ဖြစ်ပြီးလက်ရှိတွင်စစ်တမ်းကောက်ယူမည့် မေးခွန်းများကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်တမ်းကောက်ယူမည့် မေးခွန်းပုံစံများကို ပညာရှင်များကို တင်ပြလုပ်ဆောင် ရမည် ဖြစ်သဖြင့် စစ်တမ်းကို မည်သည့်ကာလတွင် ကောက်ယူမည်ဟု အတိအကျမပြောဆိုနိုင်သေးသော်လည်း မေလအတွင်း ကောက် ယူနိုင်ရန် လုပ်ဆောင်နေကြောင်း ဦးမျိုးအောင်က ပြောဆိုသည်။“ဒီကိစ္စကို အမြန်ဆုံး လုပ်ဖို့ ဝန်ကြီးက မှာထားတယ်။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်ရမှာပေါ့” ဟု ၎င်းက ပြောကြားသည်။

နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၁၀၈ မြို့နယ်တွင် အလုပ် သမား အိမ်ထောင်စုပေါင်း ၂၂,၀၃၂ စု၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ မှဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်တမ်းကောက်ယူထားပြီး ဖြစ်သည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့တော်တွင် ဧပြီလ ၂၅ ရက်နေ့က တွေ့ ဆုံစဉ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က တစ်ရက်ပုံမှန်အလုပ်ချိန် ရှစ်နာရီအတွက် အနည်းဆုံး လုပ်အားခ ကျပ် ၃၀၀၀ ဝန်းကျင်ပေးရန် ဝန်ကြီးက တိုက်တွန်းခဲ့သော်လည်း လုပ်ငန်းရှင်များက ၁၅၀၀ ကျပ်ထက် ပိုမိုတိုးမြှင့်ပေးခြင်း မရှိခဲ့ပေ။အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် CMP လုပ်ငန်းရှင်များနှင့် အလုပ်သမားများ မေလ ၇ ရက်နေ့က ရန်ကုန် မြို့တော် တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်းနှစ်ဖက်သဘောတူသည့် လုပ်အားခ နှုန်းထားတစ်ရပ် ထွက်ပေါ် လာခြင်း မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

My Blog List