မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော သြဇာအာဏာ ကြီးမား သည့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကအတိုက်အခံ ခေါင်းဆောင်ဒေါ် အောင်ဆန်းစု ကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားသည်ဟု ပြောကြားလိုက်ပြီး နောက် နိုင်ငံရေးပြိုင်ဘက် သူရ ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို မြန်မာလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မေလ ၇ ရက်တွင်ချီး ကျူးလိုက်သည်။
သမ္မတရာထူးအတွက် ၀င် ရောက်ရွေးကောက်ခံရန် အခြား အတိုက်အခံပုဂ္ဂိုလ်တစ်ယောက်မျှ ထွက်ပေါ် လာခြင်းမရှိဖြစ်နေ စဉ် ယခင်စစ်အစိုးရလက်ထက်က နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့ သည့် သူရဦးရွှေ မန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့မဟာမိတ် ဖွဲ့မည်ဆိုသောပြောဆိုမှုများပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲအပြီးတွင် လွှတ်တော်က သမ္မတကို ရွေးချယ်မည်ဖြစ်သည်။
၂၀၁၁ အတွင်း စစ်အုပ်ချုပ် ရေးအဆုံးမသတ်မီ (၁၅) နှစ်ကျော် အကျဉ်းချခံခဲ့ရသည့် ၀ါရင့်နိုင်ငံရေး သမား၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းဝါရှင်တန်မြို့သို့ ရောက်ရှိစဉ် ညွန့်ပေါင်း အဖွဲ့ပုံစံမျိုးဖွဲ့ရန် လမ်းဖွင့်ထားသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားမှုကို ချီးကျူးသည်။
‘‘ဒီလို ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ထားက ကောင်းပါတယ်။ ကျွန်မတို့ ကြိုဆိုပါတယ်’’ဟု ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယခုနှစ်ရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးမှ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အဓိကစမ်းသပ် မှုတစ်ခုအဖြစ် ရှုမြင်ခံထားရပြီး မြန်မာနိုင်ငံအတွက် ဒီမိုကရေစီစနစ်ဆီသို့ ပိုမိုနီးကပ်စွာ လှမ်းချီရေးဆယ် စုနှစ်များစွာအတွင်း အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်လာနိုင်သည်။
သို့သော် နိုင်ငံခြားသားအ ဖြစ်ခံယူထားသောသား၊သမီးများ ရှိနေသူများကို ချန်လှပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံထားရသည်။ ၎င်း၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည်။
အဓိကပြောင်းလဲမှုများနှင့် ပတ်သက်၍ ဗီတိုအာဏာပုံစံအ သာစီးရထားသော စစ်ဘက်ဆိုင် ရာ၏ သစ္စာစောင့်သိသော ကန့် ကွက်မှုများကြောင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးကိုNLD ပါတီက ခက်ခက်ခဲခဲနဲ့ ကြိုးစားနေ ရစဉ် ယင်းရွေးကောက်ပွဲကို သပိတ်မှောက်မည့်ကိစ္စအား ဒေါ် အောင်ဆန်း စုကြည်က ပယ်ချမ ထားပေ။
စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးထားသည့် အာဏာရပါတီ အကြီးအကဲဖြစ်သူ သူရဦးရွှေမန်းက အကယ်၍ ၎င်းကိုသမ္မတ လောင်းအဖြစ် ရွေးချယ်ခဲ့ပါက သမ္မတဖြစ်လာနိုင်သည်ဟု မျှော် လင့်ထားပြီး နိုင် ငံနှင့် ပြည်သူလူ ထုအကျိုးစီးပွားအတွက် ဒေါ် အောင်ဆန်းစုကြည်နှင့် မဟာ မိတ်ဖွဲ့ရန်လမ်းဖွင့်ထား သည်ဟု ထပ်လောင်းပြောကြားသည်။
‘‘ကျွန်တော်ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီနေ့ မနက်ဖြန်နဲ့ အနာ ဂတ်မှာ လည်းပဲ ပူးပေါင်းဆောင် ရွက်ဖို့ အသင့်ရှိပါတယ်’’ဟု ၎င်းက မေလ ၉ ရက်တွင် နိုင်ငံတကာငြိမ်းချမ်းရေး ကာနေဂျီအကူအညီပေးရေးအခမ်း အနား၌ ပြောကြားသည်။
သို့သော်လက်ရှိတွင် ညွန့် ပေါင်းအဖွဲ့ဖွဲ့ရန် အစီအစဉ်မရှိ ဟု အတိုက်အခံ ဘက်က ပြော ကြားသည်။ အခြားသောပါတီ များနှင့်ပူးပေါင်းရန် NLD က ၎င်း ၏ မူဝါဒများ ချမှတ်ထားခြင်းမရှိ သေးကြောင်း NLD ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အေ အက်ဖ်ပီ သတင်းဌာနအား ပြော ကြားသည်။
Ref:(AFP)
7Day News Journal
No comments:
Post a Comment