Wednesday, May 13, 2015

အစိုးရအလုပ်ခေါ်ရာတွင် နေ့တက်၊ အဝေးသင်ဘွဲ့ရခွဲခြားခေါ်ယူခြင်းမရှိဟုဆို


အစိုးရ၀န်ကြီးဌာ နများအတွက် ၀န်ထမ်းအလုပ် ခေါ်ယူရာတွင် အဝေးသင်တက္ကသိုလ်ဘွဲ့နှင့် နေ့ကျောင်း တက်တက္ကသိုလ်ဘွဲ့ဟူ၍ ခွဲခြားသတ်မှတ်ခေါ်ယူခြင်းမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ က မေလ ၁၂ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော်တွင်ပြော ကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ယနေ့အချိန်ထိ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းတို့၏ အရာထမ်းအဆင့် ၀င်ပေါက်ရာထူး အတွက် ကြေညာခေါ် ယူခဲ့ရာတွင်အဝေးသင်တက္ကသိုလ်ဘွဲ့နှင့် နေ့ ကျောင်းတက် တက္ကသိုလ် ဘွဲ့ဟူ ၍ တစ်ကြိမ်တစ်ခါမှ ခွဲခြားသတ် မှတ်ခေါ်ယူမှုမရှိခဲ့ဘဲ ရေးဖြေ အောင်မြင်ပြီးသူ ပုဂ္ဂိုလ် များအားလူတွေ့စစ်ဆေးခြင်းပြုလုပ်ရာတွင်လည်း ခွဲခြားရွေးချယ်ခြင်းမရှိ ကြောင်း ဦးကျော်သူကပြော သည်။

မေလ ၁၂ရက်တွင် ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ် မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်နွယ်ဦးက အစိုးရ၀န်ထမ်းအလုပ် လျှောက်ထားရာတွင် အဝေးသင်တက္ကသိုလ်ဘွဲ့ရနှင့် နေ့ကျောင်းတက်တက္ကသိုလ်ဘွဲ့ရဟူ၍ ခွဲခြားသတ်မှတ်ခြင်းရှိ၊ မရှိမေးမြန်း ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်တွေ့အောက်ခြေတွင် မူ အလုပ်လျှောက်ထားမှု၌ အ ဝေးသင်တက္ကသိုလ်ဘွဲ့ရနှင့် နေ့ ကျောင်းတက် ဘွဲ့ရဟူ၍  ခွဲခြား ပြီး အလုပ်ခေါ်ယူမှုများရှိနေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်တင်နွယ်ဦး ကပြော ကြားသည်။

အစိုးရအလုပ်လျှောက်ထား ရာတွင် အဝေးသင်တက္ကသိုလ်ဘွဲ့ ရများအား ရွေးချယ်မှုနည်းနေ ကြောင်း သတင်းများကြားရသည့် အတွက် အစိုးရအလုပ်ခေါ်ယူမှု များကို လျှောက်ထားခဲ့ခြင်းမရှိ ကြောင်းနှင့် ပြင်ပ ပုဂ္ဂလိကလုပ် ငန်းများတွင်လည်းနေ့ကျောင်း တက်ဘွဲ့ရများအား  ဦးစားပေး ခေါ်ယူမှုများကို ကြုံခဲ့ရကြောင်း အဝေးသင်တက္ကသိုလ်ဘွဲ့ရကို ကျော်ကျော်က၎င်း၏ အတွေ့အကြုံကိုပြောပြသည်။

အဝေးသင်တက္ကသိုလ်များတွင် သင်ကြားပို့ချပေးသော သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများ အား လုံးသည် ပုံမှန်တက္ကသိုလ်သင်တန်းများတွင် သင်ကြားပို့ချသော သင်ရိုးညွှန်းတမ်းများ နှင့် သင်ရိုးမာတိကာ များအတိုင်း ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့(Board ofStudy)အစည်းအဝေးများတွင် အ ဝေးသင် တက္ကသိုလ်နှင့် ပုံမှန်တက္က သိုလ်သင်တန်းများ၌ သင်ကြားပို့ ချမည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများတူညီစေရန် ညှိနှိုင်းဆွေးနွေးပြီးပညာသင်ကာ လများလည်းတူညီသည့်အတွက် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရနှင့် နေ့ကျောင်းတက်တက္ကသိုလ်များ မှ ဘွဲ့ရများအရည်အချင်းသတ် မှတ်ရာတွင် တူညီမှုရှိပါကြောင်း ပညာရေးဝန်ကြီးဌာနမှ သဘောထားမှတ် ချက်တောင်းခံရယူပြီး ဖြေကြား အပ်ကြောင်းကို ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌဦးကျော်သူက ပြည်သူလွှတ်တော်သို့တင်ပြခဲ့သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၀န်ကြီးဌာနများမှ ပြန်တမ်းဝင်အရာရှိ အဆင့်စတင်ခန့်ရန် ရာထူးနေ ရာလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်များအား ခန့်အပ်လိုက်ကြောင်း အဆိုပြုလာမှုအပေါ် ကြော်ငြာခေါ် ယူပေးခြင်း၊ ရေးဖြေ စာမေးပွဲကျင်းပစစ်ဆေး ခြင်း၊ စိတ်အခြေအနေစစ်ဆေး ခြင်းနှင့် လူတွေ့ စစ်ဆေးခြင်း များ အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ အဆိုပြုသည့်အရေအတွက် အတိုင်းရွေးချယ်ပေးခြင်းလုပ်ငန်း တာဝန်ဆောင်ရွက်ပေးလျက်ရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List