Wednesday, May 13, 2015

လှေစီးဒုက္ခသည် ထောင်ကျော် မလေးရှား ဖမ်းဆီး





ဘင်္ဂါလီရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော်ပါတဲ့ လှေ ၄ စင်းကို မလေးရှား အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။

မေလ ၁၁ ရက်ညက မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရိုဟင်ဂျာ ထောင်ကျော်ကို ထိန်းသိမ်းလိုက်တာ ဖြစ်ပြီး ဒီအထဲမှာ ကလေး ၅၂ ယောက် မိန်းကလေး ၁၀၁ ယောက်ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါ။

ဒေသခံတံငါသည်တွေရဲ့ သတင်းပေးပို့ချက်အရ လှေဝင်လာမယ်ဆိုတာ သတင်းရထားလို့ သဘောင်္တွေ ကပ်တာနဲ့ မလေးရှားရေတပ်က ဖမ်းဆီးပြီး လန်ကာဝီ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဒုက္ခသည်အဖြစ် ဒါမဟုတ် တရားဝင်အသိအမှတ်ပြုပေးနိုင်တဲ့ အခြေအနေ တွေ ရလာတဲ့ထိ ဆေးဝါးကုသ မှုနဲ့ အစားအစာထောက်ပံ့တာတွေကို အာဏာပိုင်တွေက ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကတော့ လှေစီးဒုက္ခသည်တွေထဲမှာ ရိုဟင် ဂျာတွေ အပြင် ဘင်္ဂလားဒေ့ရှ်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေထွက်လာတာလိုပြောတဲ့ အင်နီးရှား အာချေးကျွန်းပေါ် ရောက် လှေစီးဒုက္ခသည်ကတော့ မလေးရှားကို သွားဖို့ ကြိုးစားခဲ့ပေမယ့် ထိုင်းရေပိုင်နက်မှာဘဲ ၃ ပတ်လောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြော ပါတယ်။

“ကျနော်တို့ လှေငယ်လေးနဲ့ထွက်လာခဲ့တာ ၂ လကျော်ကြာမှ ထိုင်းကိုရောက်လာခဲ့ပါတယ်။ 

ထိုင်းရေတပ်တွေလို့ ထင်တယ်၊ သူတို့တွေက ကျနော်တို့ကို အဖမ်းထားခဲ့တယ်။ လှေထဲမှာဘဲ ကျနော်တို့ကို ထိန်းသိမ်းထားတယ်။ ကျနော်တို့ ရေနဲ့စားစရာတွေတောင်းတော့လည်းနည်းနည်းဘဲ ပေးတယ်ထပ်တောင်း ရင် ကျနော်တို့ကိုရိုက်တယ်။ ရက်၂၀ လောက်ထိန်း သိမ်းခံခဲ့ပါတယ်။ မလေးရှားကိုသွားဖို့ ခွင့်တောင်းတော့ လည်း ငြင်း တယ်။”လို့ သူက ပြောပါတယ်။

မြန်မာပြည်ကလာတဲ့သသတွေက လှေတွေကို ငှားတာ မဟုတ်ဘဲ ငွေစုပြီး ၀ယ်ယူကာ ရာသီဥတု အခြေ အနေကို မူတည် ခရီးထွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ ၁၀ ရက်က ဘင်္ဂါလီ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၅၀၀ လောက် အင်ဒိုနီးရှားနိုင်ငံ အနောက်ဖက် အာခြေး ကမ်းခြေကို ရောက်သွားပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေ တိုးမြင့်ဆောင်ရွက်လာ တာကြောင့် ထောင်နဲ့ ချီတဲ့ လှေစီး ဒုက္ခသည်တွေ ဟာ ကမ်းခြေကို မကပ်ရဲဘဲ ထိုင်းအနီးက ပင်လယ်ပြင်ထဲမှာပဲ ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်း နေထိုင်သူများ အကူအညီပေးရေးအဖွဲ့ ပြောပါတယ်။

အခုနှစ် ၃ လပတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၂သောင်း ၅ ထောင်လောက်ရှိပြီး အဲ့ဒီပမာဏဟာ မနှစ်က ဒီလိုအချိန်အထိ ရောက်ရှိလာတဲ့ အရေအတွက် ထက် ၂ဆ ပိုများတယ်လို့ ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ ယူအန်အိပ်ခ်ျစီအာ က ပြောပါ တယ်။

ရိုဟင်ဂျာ လူကုန်ကူးမှုကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာ၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကုလသမဂ္ဂနဲ့ လူမူရေးအဖွဲ့တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

DVB

No comments:

Post a Comment

My Blog List